မြန်မာ အိမ်ခြံမြေဆိုင်ရာ အခြေခံဗဟုသုတများ

  • ဈေးနှုန်းများသည် ပိုင်ရှင်၏ဆန္ဒအတိုင်း ခေါ်ဈေးဖြစ်ပြီး အလျှော့အတင်းရှိပါသည်။

  • မြန်မာတွင် အငှားစာချုပ်သက်တမ်းမှာ အခြေခံအားဖြင့် တစ်နှစ်ဖြစ်ပါသည်။ တစ်နှစ်စာကြိုတင် ပေးဆောင်ရပါမည်။ အာမခံ တင်သွင်းရန်မလိုပါ။

  • အိမ်ရှင်အပေါ်မူတည်၍ ၃လစာအထိ ကြိုတင်ငွေ Deposit ပေးသွင်းရပါသည်လည်းရှိပါသည်။ အိမ်ခန်းပြင်ဆင်ထား မှု၊ ပရိဘောဂ ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ ထည့်သွင်းပေးထားမှု အပေါ်မူတည်ပါသည်။

  • တစ်နှစ်တာအငှားစာချုပ်အတွက် အကျိုးဆောင်ခမှာ အိမ်လခ၏ တစ်လစာ ဖြစ်ပါသည်။

  • ရန်ကုန်ဒေသတွင်း အငှားဈေးကွက်တွင်၊ ပိုင်ရှင်နှင့် နိုင်ငံခြားသားများအကြား အငှား လိုအပ်ချက်မှာ မျှတမှု၊ လုံလောက်မှု မရှိသေးပါ။

  • အငှားဈေးနှုန်းများ အဆမတန် မြင့်တက်နေရခြင်းအကြောင်းအရင်းအနက် တစ်ချက်မှာ နိုင်ငံခြားသားများ ကွန်ဒို ဝယ်ယူခွင့် မရခြင်းဖြစ်သည်။