ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ငှားရန် အိမ်ခြံမြေ



   

◆Pay rent by International Bank Transfer OK
◆Free Legal Advice & Contract Negotiation

မြေနီကုန်း Sprit ဆိုင်အနီးတွင် လူနေရုံးခန်းဖွင့်ရန် တိုက်ခန်းကျယ် ငှားရန်ရှိသည်။

SN: R4551  
ဈေးနှုန်း
(≧1 year rent)
7.5 Lakh Ks ကျပ်သိန်း / per month      (≒326 US$, 1US$≒2300Ks)
အကျယ်အ၀န်း 2100 ft2     (=195.09 m2)
အမျိုးအစားတိုက်ခန်း တည်နေရာရန်ကုန်မြို့ , Sanchaung စမ်းချောင်း
အခန်းပေါင်း 3 Bed room   1 Living room   1 Dining room   1 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း4th floor / 6 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂFurnished အခြေခံ ပရိဘောဂ လေအေးပေးစက်4 unit(s)
ဓာတ်လှေကားNo မရှိ ဖုန်းNo မရှိ
ကားရပ်နားရန်No မရှိ ၀င်ရောက်နိုင်သည့်ရက်စွဲConsultable ဆွေးနွေးရန်လို
ရှင်းလင်းချက်အောင်သပြေလမ်းသည် ရန်ကုန်မြို့၏ နေထိုင်ရန်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည့် စမ်းချောင်းမြို့နယ်တွင် တည်ရှိသည်။ ကျွန်းတောလမ်း နှင့်နီး၍ သွားလာရေးလွယ်ကူသည့် နေရာဖြစ်သည်။ လူသုံးကုန်ပစ္စည်းများ နှင့် ဖန်စီပစ္စည်းများ အစုံရှိသည့် Sprit နှင့် နီးသည်။ အထင်ကရ အဆောက်အဦးများ အနေဖြင့် Pyay Garden Office Tower & Residence ၊ စံပယ်နန်းတော် ဟော်တယ် တို့နှင့်နီးသည်။ Dagon Center (I) (II)၊ ဂမုန်းပွင့်၊ City Mark တို့အပြင် Junction Square တို့နှင့် နီးသည့်အတွက် ဈေးဝယ်ရန်နှင့် စားသောက်ရန်အတွက် အဆင်ပြေသည်။ ရှမ်းလမ်းဈေး (ဂွဈေး)နှင့် နီးသည့်အတွက် လတ်လတ်ဆက်ဆက် အသားငါးနှင့် ဟင်းသီးဟင်းရွက်များ နေ့တိုင်းဝယ်ချင်သူများအတွက် လည်းအဆင်ပြေသည်။ ကားသံများ ဆူညံမနေသည့်တွက် နေထိုင်ရ ကောင်းမွန်သည့်နေရာဖြစ်သည်။ YBS စီးချင်သူများအနေဖြင့် မဟာမြိုင်မှတ်တိုင်တွင်လည်းကောင်း၊ မြေနီကုန်းမှတ်တိုင်တွင်လည်းကောင်း၊ ဗားဂရာလမ်းမပေါ်ရှိ ရွှေမန်းမှတ်တိုင်တွင်လည်းကောင်း ဆင်း၍လည်း လမ်းလျောက်နိုင်သည်။ Taxi စီးမည့်သူများအတွက် ကားငှားရလည်း လွယ်ကူသည်။ ကလေးရှိသည့် မိသားစုများအတွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ Gusto College, Canadian International College, Total Kids School ကဲ့သို့ အစိုးရကျောင်းများနှင့် international school များစွာနှင့်လည်းနီးသည်။ မြေနီကုန်းနှင့် လှည်းတန်းကြားတွင်ရှိသည့် အတွက် သင်တန်းတက်မည့် သူများအတွက်လည်း အဆင်ပြေသည်။ မြို့ထဲသို့ 15မိနစ်ခန့် ကားစီးရုံဖြင့် ရောက်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မိနစ် 40ခန့် ကားမောင်းရုံဖြင့်ရောက်သည်။

ရိုးရိုးအိပ်ခန်း (၃)ခန်းပါ၍ 2100Sqft ရှိသည့် အခန်းကျယ်တစ်ခန်းဖြစ်သည်။

ဧည့်ခန်း - ကျယ်ဝန်းသည့်ဧည့်ခန်းတွင် ကျွန်းပါကေးများခင်းထားပြီး နံရံများကို ကြွေပြားများ ကပ်ထားသည်။ အဲကွန်းတစ်လုံး နှင့် အလှမီးဆိုင်းများ တပ်ဆင်ထားသည်။ ပြတင်းပေါက်များ ပါဝင်သည်။

အိပ်ခန်းများ - ကျွန်းပါကေးခင်းထားသည်။ ကုတင်အိပ်ယာများ၊ ဗီဒိုများ၊ ပြတင်းပေါက်များ၊ အဲကွန်းများ

မီးဖိုချောင် - ကျယ်ဝန်းသည့်မီးဖိုခန်း၊ နံရံကပ်ဗီဒိုများ၊ ရေခဲသေတ္တာ၊ ကြွေခင်း၊

ရေချိုးခန်း - ကြွေပြားခင်း၊ ကြွေပြားကပ်၊ ရေကန်ပါသည့်အပြင် တိုင်ဂီအပိုတစ်လုံးလည်းပါသည်။

ရေချိုးခန်းနှင့် အိပ်သာ သပ်သပ်စီဖြစ်သည်။ အိမ်ရှေ့တွင် ဝရံတာတစ်ခု၊ အိမ်နောက်တွင် ဝရံတာတစ်ခုပါသည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၁၊ ၃၅၊ ၃၇၊ ၆၅။ ၇၈ ကားများကို စီးသွားနိုင်သည်။

Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.