Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

အိမ်ငှားဈေးကွက် ကျဆင်းပြီး ဈေးနည်းသည့်နေရာများသို့ ပြောင်းရွှေ့လာ




ဒေါ်လာဈေး မြင့်တက်လာပြီးနောက်ပိုင်း အိမ်ခြံမြေအငှား ဈေးကွက်တွင် မြန်မာကျပ်ငွေနှင့် ငှားရမ်းထားသော လူနေအိမ်နှင့် ရုံးခန်းများမှာ ဈေးမြင့်သည့်အခန်းများမှ ဈေးနိမ့်သည့်အခန်းများသို့ ပြောင်းရွှေ့မှုများလာကြောင်း ESTATE MYANMAR Real Estate AgencyမှDr. . ထူးမြတ်နိုင်က ပြောသည်။

"ဒေါ်လာဈေးတက်လာတော့ ရင်းနှီးမြှုပ်နှံမယ့်သူ တွေက ရွှေတို့၊ ဒေါ်လာတို့ဘက်ကို ပိုပြီးအားသာလာကြ တယ်၊ အကျဘက်ကိုရောက်နေတဲ့ အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံမှုနည်းလာတယ်"ဟုDr. . ထူးမြတ်နိုင်က ဆိုသည်။

အိမ်ခြံမြေအငှားဈေးကွက်တွင် နေအိမ်ငှားရမ်းမှုများ ထက် ရုံးခန်းငှားရမ်းမှုများ ပိုမိုကျဆင်းလာပြီး အများစုမှာ ဈေးနည်းသောနေရာသို့ ပြောင်းရွှေ့လာကြကြောင်း သိရသည်။

ထို့ကြောင့် အိမ်ခြံမြေ လုပ်ငန်းရှင်များအနေဖြင့် လအလိုက် ပရိုမိုးရှင်းများ ပြုလုပ်ပြီး ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ဈေးချပြီး ငှားရမ်းလာကြကြောင်း၊ ထိုကာလတွင် အငှားပိုဖြစ်ပြီး ပရိုမိုးရှင်းကာလကုန်ဆုံးသွားသည့် အချိန်တွင် ဈေးနည်းသည့်နေရာသို့ ပြောင်းရွှေ့သွားကြောင်းလည်းDr ထူးမြတ်နိုင်၏ပြောပြချက်အရ သိရသည်။

နိုင်ငံခြားသား အငှားသီးသန့်အတွက် ပြင်ဆင်ထားသည့် လုံးချင်းအိမ်များနှင့် ကွန်ဒိုခန်းများမှာ အငှားဈေး ကွက် အေးနေကြောင်း အာရှမြေဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးရန်အောင်က ဆိုသည်။

"မငှားမဖြစ် မနေမဖြစ်လူတွေလောက်ပဲ တန်ဖိုးအသင့် အတင့်ရှိပြီး နေလို့အဆင်ပြေတဲ့နေရာတွေမှာ ငှားနေလာကြတော့ ရှယ်ပြင်ထားတဲ့နေရာတွေက အငှားအေးလာ တာပေါ့"ဟု ဦးရန်အောင်က အငှားဈေးကွက်၏အခြေအနေ တစ်စိတ်တစ်ပိုင်းကို ပြောပြသည်။

ဒေါ်လာဈေးတက်လာသည့်အတွက် ဒေါ်လာနှင့် ဈေးသတ်မှတ်ထားပြီး မြန်မာငွေနှင့် ပေးချေရသည့် အိမ်ငှား အချို့မှာ အခန်းပြန်အပ်ပြီး အခြားဈေးသက်သာသည့် နေရာများသို့ ပြောင်းရွှေ့ကြခြင်းများလည်း ရှိကြောင်း ဦးရန်အောင်က ပြောသည်။

ထို့ပြင် ဝါတွင်းကာလရောက်လာပြီဖြစ်သည့်အတွက် အိမ်ငှားဈေးကွက်မှာ ယခုနှစ် အစောပိုင်းကာလများနှင့် ယှဉ်လျှင် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ငပြညောမေံသကျန.ခသာ မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

"အငှားဈေးကတော့ မကျပေမဲ့ ငှားရမ်းမှုနှုန်းကကျသွားတယ်၊ နိုင်ငံခြားသား ငှားရမ်းမှုနှုန်းကလည်း မနှစ်ကနဲ့ယှဉ်ရင် ၁၅ ရာခိုင်နှုန်းလောက် ကျသွားတယ်"ဟု ဦးနေမင်းသူက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားသည့်အတွက် ကုမ္ပဏီများနှင့်အတူဝင်လာမည့် နိုင်ငံခြားသားဝင်ရောက်နှုန်းနည်းသွားသည့်အတွက် နိုင်ငံခြားသားအငှားဈေးကွက် ကျဆင်းရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အိမ်ငှားဈေးကွက်ထဲတွင် ငွေကျပ် ငါးသိန်းအောက် ရိုးရိုးတိုက်ခန်းများမှာ အငှားအများဆုံးဖြစ်ပြီး ဒုတိယမှာ ငွေကျပ် ငါးသိန်းနှင့် ၁၀ သိန်းကြား အဆင့်မြင့်တိုက်ခန်းနှင့် လုံးချင်းအိမ်များဖြစ်ကြောင်း၊ တတိယအများဆုံးမှာ ငွေကျပ် ၁၀ သိန်းအထက် ကွန်ဒိုများဖြစ်ကြောင်း ဇလပ်ပွင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒါရိုက်တာ ဦးမျိုးမြင့်အောင်က ပြောသည်။

"ကျွန်တော်တို့လူမျိုးတွေက အစွဲအလမ်းကြီးတော့ဝါတွင်းကို ပြောင်းရွှေ့တာတွေ သိပ်မလုပ်ကြဘူး၊ ဒါကြောင့် ဒီရာသီဆိုရင် အငှားကကျတယ်၊ ဒါကရှေးရိုးစွဲဆိုတော့ အပြစ်တော့ ပြောလို့မရပါဘူး"ဟု ဦးမျိုးမြင့်အောင်က ဆိုသည်။

နှစ်စဉ်အငှားရာသီတွင် နှစ်ဆန်းကာလဖြစ်သော ဇန်နဝါရီလနှင့် ဝါကျွတ်ကာလများတွင် အငှားသွက်လေ့ ရှိကြောင်းလည်း ဦးမျိုးမြင့်အောင်က ဆိုသည်။

"ပြည်တွင်းအငှားက နိုင်ငံခြားသားအငှားထက် ပိုများ တယ်၊ ပြည်တွင်းက ၈၀ ရာခိုင်နှုန်းလောက် အငှားရှိတယ်" ဟု ဦးမျိုးမြင့်အောင်က ပြောသည်။

အိမ်ခြံမြေလောကသားများ မျှော်လင့်ခဲ့ကြသည့် ကွန်ဒိုဥပဒေပေါ်လာထွက်ခဲ့ပြီး ဖြစ်သော်လည်း အဆိုပါဥပဒေ မှာ လက်တွေ့တွင် အသက်မဝင်သေးသဖြင့် နိုင်ငံခြားသားများအနေဖြင့် အငှားအနေဖြင့်သာ ဆက်လက်နေ ထိုင်နေကြဆဲ ဖြစ်ကြောင်းလည်း ဦးမျိုးမြင့်အောင်က ဆိုသည်။

"ဝယ်လို့ရရင်တောင် ဝင်ငွေကောင်းတဲ့ နိုင်ငံခြား သား အနည်းငယ်လောက်ပဲ ဝယ်နိုင်လိမ့်မယ်၊ကျန်တဲ့သူတွေကတော့ အငှားအနေနဲ့ပဲဆက်နေကြလိမ့်မယ်လို့ ထင်တယ်"ဟု ဦးနေမင်းသူက သုံးသပ်ပြောဆို သည်။


Ref: Myanmar Times News