Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

အငြင်းပွားမှုများနှင့် ရွှေမြစန္ဒီ အိမ်ရာစီမံကိန်း





လွန်ခဲ့သည့် တစ်နှစ်ခန့်မှစတင်ကာ အငြင်းပွားမှုများ ဖြစ်ပေါ်နေသော မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအနီး ရွှေမြစန္ဒီအိမ်ရာတွင် မြေနေရာတိုးချဲ့မှုများနှင့် ပတ်သက်၍ သြဂုတ်လမကုန်မီ အပြီးသတ်ရှင်းလင်းသွားမည်ဟု မြဝတီခရိုင် သစ်တောဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မျိုးသူက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်ကျေးရွာကြီးသည် စုစုပေါင်း ၃၁၈ ဧက ကျယ်ဝန်းပြီး အတွင်းမဲကနယ်၊ အပြင်မဲကနယ်ဟူ၍ နှစ်ပိုင်းရှိကာ အတွင်းမဲကနယ်တွင် ကရင်တိုင်းသားလက်နက်ကိုင်များ၏ မိသားစုများ လွန်ခဲ့သည့်နှစ်များစွာကပင် နေထိုင် ခဲ့ကြသည်။

အတွင်းမဲကနယ်ကျေးရွာကို သီးသန့်ကျေးရွာအဖြစ် သတ်မှတ်ပေးရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၆)မှ စစ်ကြောင်းမ·း စောလှမင်းက ကရင်ပြည်နယ် အစိုးရအဖွဲ့ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် တရားဝင် တင်ပြတောင်းဆိုခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အတွင်းမဲကနယ်ကျေးရွာအဖြစ် တရားဝင်နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) အဖွဲ့မှ တပ်ခွဲမ·း စောညီညီက အတွင်းမဲကနယ်ကျေးရွာအတွင်းရှိ ဧက ၂၀ ကျော်တွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သည်။ စောညီညီက ပေ ၄၀- _ ၆၀ မြေကွက်ပေါင်း ၁၅၀ ဖော်ထုတ်ပြီး တစ်ကွက်လျှင် ကျပ် ၁၅၀ဝ၀ဝ ဖြင့် ရောင်းချခဲ့သည်။

စီမံကိန်းစတင်လုပ်ဆောင်စဉ်အတွင်း ပြဿနာတစ်စုံတစ်ရာမရှိခဲ့သော်လည်း တစ်လအကြာတွင် မြေကွက်တိုးချဲ့ရောင်းချမှုများဖြစ်ပေါ်လာခဲ့ပြီး အိမ်ခြေပေါင်း ၁çဝ၀ဝ နီးပါး ရှိလာခဲ့သည်။ ထို့သို့တိုးချဲ့သည့်နေရာများတွင် မူလလက်ဟောင်း နေထိုင်သူများနှင့် ၎င်းတို့ လယ်ယာနှင့် မြေကွက်များပါ ပါဝင်လာခဲ့သောကြောင့် ဇန်နဝါရီ ၁၃ ရက်၊ ၂၀၁၇ ခုနှစ်တွင် မူလမြေပိုင်ရှင်များ စုပေါင်းကာ မြဝတီမြို့နယ် လယ်ယာမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့သို့ စီမံကိန်းကို ကန့်ကွက်သည့် တိုင်စာပို့ခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကော်မတီမှ စီမံကိန်းတာဝန်ရှိသူများထံသို့ အိမ်ရာစီမံကိန်း လုပ်ငန်းစဉ်များကို ခေတ္တရပ်ဆိုင်းထားရန် အကြောင်းကြားစာပေးပို့ခဲ့သည်။ ထိုအချိန်တွင် အိမ်ရာစီမံကိန်းဧရိယာအတွင်းရှိ မြေကွက်များတွင် ပြောင်းရွှေ့နေထိုင်သူများ ရှိနေခဲ့ပြီ ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လူထုနှင့်တွေ့ဆုံခဲ့ပြီး စီမံကိန်းသည် တရားမဝင်ကြောင်း၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ကိုကျော်ကာ အစိုးရဧရိယာအတွင်း စီမံကိန်းလုပ်ဆောင်နေခြင်းသည် တရားဥပဒေကို ဆန့်ကျင်နေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ပြည်နယ်အစိုးရက စစ်ဆေးပြီး တစ်လအကြာ တွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းသည် တဖြည်းဖြည်း ဆက်လက်တိုးချဲ့လာခဲ့ပြီး အိမ်ခြေ ပေါင်း ၅ဝ၀ဝ ကျော်အထိ ရှိလာခဲ့သည်။

စီမံကိန်းနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း၊ မူရင်းမြေပိုင်ရှင်များကို ပြန်ပေးရန်နှင့် စီမံကိန်းကိုဖျက်သိမ်းရန် ဒေသခံ ၅၀ဝ ခန့်က ၂၀၁၇ ခုနှစ်၊ ဇွန် ၆ ရက်တွင် စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း စောညီညီ၏ညွှန်ကြားချက်ဖြင့် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအတွင်း နေထိုင်သူပေါင်း ၁çဝ၀ဝ ကျော်တို့က အစိုးရက မြေယာများ မတရားသိမ်းယူခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြသည်။

စီမံကိန်းအကောင်အထည်ဖော်နေသော မြေများထဲတွင် အတွင်းမဲကနယ်၊ သစ်တောဦးစီးဌာနပိုင်မြေများသာမက ပုဂ္ဂလိက ကုမ္ပဏီပိုင်မြေများ ပါဝင်နေခြင်းကြောင့် ရှုပ်ထွေးနေခြင်းဖြစ်ပြီး လက်ရှိတွင် မြေကွက်တစ်ကွက်ကို တစ်သိန်းခွဲ ပေးဝယ်ကာ နေထိုင်သူများသည် တရားမဝင်ကြောင်း၊ စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုကို နာခံရန် ကရင်လက်နက်ကိုင်တပ်ဖွဲ့များက သဘောတူထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မ·းကြီး မျိုးမင်းနောင်က ပြောသည်။

"ဒီစီမံကိန်းဟာ တရားမဝင်ပါဘူးဆိုတာကိုလည်း ၂၀၁၇ လောက်ကတည်းက ပြည်နယ်အစိုးရက တရားဝင် စာထုတ်ထားပြီးသားဖြစ်တယ်။ အခုလက်ရှိမှာလည်း အစိုးရရဲ့စီမံချက်အတိုင်းပဲသွားမယ်။ မူရင်းပိုင်ရှင်တွေက ပိုင်ဆိုင်ကြောင်း အထောက်အထားအပြည့်အစုံနဲ့တင်ရင် ပြန်လွှဲပေးမယ်။ ဒါပေမဲ့ မိမိပိုင်ဆိုင်မှုအတိုင်း တိတိကျကျတင်ပေးဖို့တော့ လိုတယ်"ဟု ဗိုလ်မ·းကြီး မျိုးမင်းနောင်က ရှင်းပြသည်။

"ရွှေမြစန္ဒီစီမံကိန်းကို ဖျက်သိမ်းပေးပြီး စီမံကိန်းမှာရောပါနေတဲ့ ကျွန်တော်တို့ ဘိုးဘွားပိုင်မြေတွေကို ပြန်လည်လွှဲပြောင်း ပေးစေချင်ပါတယ်။ စီမံကိန်းမှာ အချောင်ရပြီး ဈေးပေါပေါနဲ့လာဝယ်ပြီး နေသူတွေကိုတော့ ဖယ်ရှားပေးဖို့ အစိုးရကို တောင်းဆိုချင်ပါတယ်။ သူတို့က တကယ်တန်းဆို ကရင်လူမျိုးတွေလည်း မဟုတ်ကြသလို၊ ဒီကဒေသခံတွေလည်း မဟုတ် ကြတဲ့ ရွှေ့ပြောင်းလာသူတွေဖြစ်ပါတယ်"ဟု အတွင်းမဲကနယ်ဒေသခံ ဦးစောလှအေး က ပြောသည်။

ရွှေမြစန္ဒီအိမ်ရာအတွင်း နေထိုင်သူတစ်ဦးဖြစ်သူ ဒေါ်အေးအေးနွယ်ကမူ မြေပိုင်ရှင် မူရင်းမည်သူဖြစ်သည်ကို မသိလိုကြောင်း၊ အိမ်ရာအတွင်းတွင် ဝယ်ယူကာ နေထိုင်ခြင်းဖြစ်သောကြောင့် လာရောက်ဖျက်သိမ်းပါက လျော်ကြေးပေးရန် လိုအပ်ကြောင်း ထိုသို့ လျော်ကြေးပေးရာတွင် လက်ရှိကာလပေါက်ဈေးဖြင့် ပေးလျော်စေ လိုကြောင်း ပြောသည်။

"ကျွန်မတို့ကို ဖျက်ခိုင်းရင်တော့ လျော်ကြေးကို ကာလပေါက်ဈေးအတိုင်း ပေးရမှာပဲ။ ဒီမြေကွက်ကိုဝယ်ကတည်းက ဒီကေဘီအေအဖွဲ့အစည်းဘက်က ၁၁ နှစ်အာမခံနဲ့ ရောင်းခဲ့တာ။ ကျွန်မနေတာ တစ်နှစ်တောင် မပြည့်သေးဘူး။ တခြားရွှေ့ပြောင်းစရာလည်း မရှိဘူး"ဟု ဒေါ်အေးအေးနွယ်က ပြောသည်။

ယခုလက်ရှိတွင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်းမြေများ ကျူးကျော်နေ မှုကို သစ်တောဦးစီးဌာနမှ ကိုင်တွယ်ဖြေရှင်းလျက်ရှိပြီး အစိုးရပိုင်မြေများတွင် တရားမဝင်ဆောက်ထားသည့် အိမ်များကို နှစ်ပတ်အတွင်း ဖယ်ရှားပေးရန် သတိပေးစာကို ဇူလိုင် ၂၁ ရက်တွင် စီမံကိန်းရှိ အိမ်များသို့ လိုက်လံကပ်ထားပြီးဖြစ်ကြောင်း မြဝတီခရိုင် သစ်တောဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မျိုးသူက ပြောသည်။

"သတိပေးစာတွေကို စီမံကိန်းထဲက အိမ်တွေအကုန်လုံးကို လိုက်ကပ်ထားပြီးဖြစ်ပါတယ်။ သစ်တောဦးစီးဌာနက သတိပေးစာ လာကပ်တာကို သိရှိတယ်ဆိုတဲ့အကြောင်းကို နေထိုင်သူတွေအားလုံးကိုလည်း လက်မှတ်ထိုးခိုင်းထားပြီးပါပြီ။ နှစ်ပတ်ပြည့်လို့ မဖယ်ကြရင်တော့ လုပ်ထုုံးလုပ်နည်းအတိုင်း ဖယ်ရှားမှာဖြစ်ပါတယ်"ဟု ဦးကျော်မျိုးသူက ရှင်းပြသည်။

သတိပေးစာကို ကပ်ရာတွင် အိမ်ရာအတွင်း နေထိုင်သူများက အိမ်များကို မဖယ်ပေးနိုင်ကြောင်း ကန့်ကွက်ခြင်းကိုလည်း ခံခဲ့ရသည်ဟု ၎င်းကပြောသည်။

ပြည်နယ်အစိုးရက သစ်တောပိုင်မြေများကိုသာ သိမ်းဆည်းမည်ဖြစ်ပြီး ကျန်မြေများကိုမူ မူလလက်ဟောင်းပိုင်ရှင်များကို ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ထိုသို့လွှဲပြောင်းရာတွင် ရွှေမြစန္ဒီအိမ်ရာအတွင်း မြေကွက်ဝယ် ယူထားသူများကိုမဟုတ်ဘဲ မူလလက်ဟောင်းပိုင်ရှင်များကိုသာ ပြန်လည်ခွဲဝေပေးမည်ဟု ဦးကျော်မျိုးသူ က ပြောသည်။

သို့သော် ရေကြီးခြင်းနှင့် အခြားရာသီဥတုအခြေအနေများကြောင့် သြဂုတ်လ ဒုတိယပတ်အထိ ရှင်းလင်းနိုင်ခြင်းမရှိသေးပေ။ သြဂုတ်လမကုန်မီတွင် အပြီးတိုင်ရှင်းလင်းသွားမည်ဟု မြဝတီခရိုင် သစ်တောဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မျိုးသူက ပြောသည်။

ရွှေမြစန္ဒီအိမ်ရာစီမံကိန်းသည် ဒေသခံ မရှိနွမ်းပါးသူများအတွက် ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မြေများမှာလည်း ဒီကေဘီအေနယ်မြေ အတွင်းရှိ မြေလွတ်မြေရိုင်းများဖြစ်ခြင်းကြောင့် သိမ်းဆည်းခံရဖွယ်မရှိနိုင်ကြောင်း၊ အသစ်လုပ်သည့်နေရာဖြစ်သည့်အတွက် တရားမဝင်စရာမရှိကြောင်း စီမံကိန်းကို ဦးဆောင်အကောင်အထည်ဖော်သူ တပ်ခွဲမှုးစောညီညီက ပြောသည်။


Ref: Myanmar Times News