Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

ကွန်ဒိုတိုက်ခန်းဈေးကွက်နဲ့ ကြိုက်နှစ်သက်မှု အပြောင်းအလဲ



ပြီးခဲ့တဲ့ ၂၀ဝ၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်းက Master Bedroom လို့ခေါ်တဲ့ အခန်းကျယ် သုံးခန်းပါပြီး အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၂ဝ၀ဝကနေ ၂၅၀ဝ ရှိတဲ့ အခန်းတွေကိုသာ ကွန်ဒိုတိုက်ခန်းတွေအဖြစ် အကြမ်းဖျင်း သတ်မှတ်ခဲ့ကြပါတယ်။

ကွန်ဒိုမီနီယမ်တွေမှာ ဈေးကွက်လိုအပ်ချက်အရ အိပ်ခန်းအရေအတွက် ပါဝင်မှုနဲ့ စတုရန်းပေအကျယ်အဝန်းပေါ်မှာ တည်မီပြီး အမျိုးအစားတွေ ခွဲခြား ထားပါတယ်။ ကွန်ဒိုတိုက်ခန်းတွေက ယေဘုယျအားဖြင့် အိပ်ခန်းတစ်ခန်းကနေ လေးခန်းအထိပါဝင်တဲ့ အမျိုးအစားတွေရှိပြီး အကျယ်အဝန်းအနေနဲ့ ကတော့ စတုရန်းပေ ၄၀ဝ ကနေ ၃ဝ၀ဝ ကျော်အထိ ရှိပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ကွန်ဒိုမီနီယမ်တွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုပြုလုပ်သူတွေက အိပ်ခန်းတစ်ခန်း ဒါမှမဟုတ် နှစ်ခန်းပါဝင်တဲ့ ကွန်ဒိုအခန်းငယ်တွေကို ပိုမိုရင်းနှီးမြှုပ်နှံမှုများလာတယ်လို့ ကွန်ဒိုမီနီယမ် အကောင် အထည်ဖော်သူတွေက ပြောပါတယ်။ ဒီလိုကွန်ဒိုအခန်းငယ်တွေက နိုင်ငံခြား သားတွေနဲ့ ပြည်တွင်းငှားရမ်းသူတွေအတွက် သင့်တော်ပြီး လူကြိုက်များတာကြောင့် ရင်းနှီးမြှုပ်နှံမှု ပိုလုပ်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

လူဦးရေနည်းတဲ့ မိသားစုတွေအတွက်လည်း ကွန်ဒိုအခန်းငယ်တွေက သင့်တော်တာကြောင့် ရွေးချယ်မှု ပိုများလာတယ်လို့ သိရပါတယ်။ ဒါ့ပြင် အားသာချက်ကတော့ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာပြီး အလုပ်လုပ်ကြတဲ့အခါ တစ်ယောက်တည်း ဒါမှမဟုတ် ဇနီးမောင်နှံနှစ်ယောက်တည်း နေမယ်ဆိုရင် ငှားရမ်းခအပြင် ပြင်ဆင်ခသက်သာတဲ့ အချက်တွေလည်း ရှိနေပါတယ်။

"တစ်ယောက်တည်းဖြစ်ဖြစ်၊ စုံတွဲဖြစ်ဖြစ်လာတဲ့အခါ မလိုအပ်ဘဲနဲ့ အခန်းအကြီးကြီးတွေ ဝယ်ထားတော့ ကုန်ကျစရိတ်လည်းများတယ်၊ ဈေးနှုန်းလည်းများတယ်။ အိပ်ခန်းနှစ်ခန်းပါ အခန်းတွေက ပိုကောင်းတယ်။ Golden City

ဆိုရင် အိပ်ခန်းနှစ်ခန်းပါ အခန်းတွေက ကုန်သွားပြီ။ မရှိတော့ဘူး။ ပြောချင်တာက အခန်းသေးတွေက -ဝယ်လိုအား ပိုများတယ်"ဟုGolden Land Real

Estate Development ကုမ္ပဏီက Property Sale Director ဦးကျော်စည်သူက ပြောပါတယ်။

အရင်က ရန်ကုန်မြို့မှာ အထပ်မြင့် ကွန်ဒိုတွေ ရှားပါးခဲ့ပေမဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်အတွင်းမှာ အထပ်မြင့်ကွန်ဒိုဆောက်လုပ်မှုတွေ တဖြည်းဖြည်းများလာပြီးတော့ ဈေးနှုန်းတွေလည်း တည်ငြိမ်လာတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်ထဲမှာပါတဲ့ ရန်ကင်းမြို့မှာဆိုရင် ကွန်ဒိုအခန်းတွေပါဝင်တဲ့ စီမံကိန်း ၁၅ ခုခန့်တည်ဆောက်နေပြီး ကွန်ဒိုမီနီယမ် အဆောက်အအုံတွေ တိုးပွားလာတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

Golden City စီမံကိန်းဟာဆိုရင်လည်း ရန်ကင်းမြို့နယ်ထဲမှာရှိပြီးတော့ ကွန်ဒိုတိုက်ခန်းတွေ၊ အဆင့်မြင့်တိုက်ခန်းတွေ၊ ကုမ္ပဏီရုံးခန်း၊ ဈေးဝယ်စင်တာ နဲ့ ဟိုတယ်တွေပါဝင်တဲ့ Mixed used စီမံကိန်းဖြစ်ပါတယ်။ အခုဆို အဲဒီက ကွန်ဒိုတိုက်ခန်းတွေကို ဝယ်ယူပြီး လာရောက်နေထိုင်တဲ့နှုန်းက ၆၀ ရာခိုင်နှုန်းလောက်ထိရှိနေပြီလို့Golden Land Real Estate Development ကုမ္ပဏီက Vice General Manager မစ္စတာ အဲလက်စ်လီက ပြောပါတယ်။

ကွန်ဒိုမီနီယမ်တွေမှာ အများအားဖြင့် စတုရန်းပေနည်းတဲ့ ကွန်ဒိုအခန်း များများစားစား ထည့်သွင်းလေ့မရှိကြပါဘူး။ ကွန်ဒိုအခန်းငယ်နှင့် အခန်းကျယ်အချိုးအစားကိုကြည့်မယ်ဆိုရင် အထပ်မြင့်ကွန်ဒိုတွေမှာ အခန်းငယ်တွေကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်အထိပဲ ထည့်သွင်းလေ့ ရှိတယ်လို့ သိရပါတယ်။



Ref: Myanmar Times News