缅甸・仰光房地产网(租房,房产买卖,投资,中介)

Myanmar Housing Myanmar-Housing    






缅甸房地产新闻详细内容

မကြာခင်နှစ်များအတွင်း ပေါ်ထွက်လာမယ့် ရန်ကုန်မြို့က စီမံကိန်းများ



ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ အဆင့်မြင့်အိမ်ရာစီမံကိန်း၊ ဟိုတယ်တွေနဲ့ နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာတွေ၊ ရုံးခန်းတွေပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေကို အကောင်အထည်ဖော်လာကြတာ တွေ့ရပါတယ်။ ဒီလိုစီမံကိန်းကြီးတွေကြောင့် ရန်ကုန်မြို့ရဲ့အလှအပဟာ ပိုပြည့်စုံလာပြီး မြို့နေပြည်သူတွေအတွက် သွားလာလည်ပတ်စရာနေရာတွေ တိုးလာနေသလို တစ်ဖက်မှာလည်း ယာဉ်ကြောကျပ်တည်းမှုပြဿနာ ကြုံတွေ့နေကြရပါတယ်။ စီမံကိန်းတွေ အများကြီးရှိတဲ့အထဲက မကြာခင်နှစ်ပိုင်းတွေအတွင်း ထပ်မံထွက်ပေါ်လာမယ့် အိမ်ရာစီမံကိန်းတချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

အဆင့်မြင့်အိမ်ရာပေါင်း ၉၆ ခုပါဝင်တဲ့The Peninsula Residences Yangon ကတော့ ၁၀ ဧကကျယ်ဝန်းတဲ့ မြေပေါ်မှာတည်ရှိပြီး ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံရာ ရန်ကုန်မြို့လယ်မှာ တည်ရှိပါတယ်။

အဆိုပါအိမ်ရာစီမံကိန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်မှာ အိမ်ရာအခန်းတွေ စတင်ရောင်းချနေကြောင်း ကြေညာခဲ့ပါတယ်။ စီမံကိန်းကိုတော့ ၂၀၂၁ ခုနှစ် အပြီးသတ်ဆောက်လုပ်ပြီးစီးဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။

Yoma Central ရဲ့ စုပေါင်းအိမ်ရာ တည်ဆောက်ရေးမှာ ရန်ကုန်မြို့ရဲ့ သက်တမ်းအရှည်ဆုံးနဲ့ နာမည်အကြီးဆုံး ကိုလိုနီခေတ်အဆောက်အအုံဖြစ်တဲ့ ယခင်မီးရထားရုံးချုပ်ဟောင်းကို ပြန်လည်မွမ်းမံတည်ဆောက်မယ့်The Peninsula Yangon မှာ အဆင့်မြင့်ဇိမ်ခံအိမ်ရာပေါင်း ၉၆ ခုပါရှိတဲ့The Peninsula Residences Yangon အပြင်Grade Aအဆင့်ရှိတဲ့ ရုံးခန်းများပါဝင်တဲ့ တာဝါ နှစ်ခုနဲ့ စီးပွားရေးလုပ်ငန်းဟိုတယ်တို့ ပါရှိပါတယ်။ ဒါ့ပြင် အဆိုပါအဆောက်အအုံများရဲ့အောက်ခြေကို လက်လီအရောင်းဆိုင်ခန်းတွဲများနဲ့ ချိတ်ဆက်တည်ဆောက်ထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

The Peninsula Residences Yangon မှာ အထပ်ပေါင်း ၂၆ ထပ် ပါရှိမှာ ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ အသင့်နေထိုင်နိုင်တဲ့ လူနေအိမ်ခန်းများအနေနဲ့ အိပ်ခန်းနှစ်ခန်းမှ လေးခန်းအထိပါဝင်တဲ့ အိမ်ခန်းတွေအပြင် Penthouse များလည်း ပါဝင်မှာဖြစ်ပါတယ်။

Yoma Central အိမ်ရာစီမံကိန်းကို မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် ရှေးဟောင်းလက်ရာများကို အခြေခံပြီး ကမ္ဘာ့ထိပ်တန်း ဒီဇိုင်းဗိသုကာပညာရှင်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဒီဇိုင်းရေးဆွဲ တည်ဆောက်နေတာဖြစ်တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။

The Peninsula Residences Yangon ကိုMeeyahta Development Limited နဲ့Hong Kong and Shanghai Hotels

တို့မှ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

လတ်တလောမှာThe Peninsula Residences Yangon ရဲ့ အိမ်ခန်းတွေကို ၎င်းတို့က ဖိတ်ကြားထားသူများကသာ ဝယ်ယူနိုင်မှာဖြစ်ပြီး အိပ်ခန်း နှစ်ခန်းပါတဲ့ အခန်းတစ်ခန်းကို ပျမ်းမျှ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကနေ စတင်ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။



Ref: Myanmar Times News