Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

လိုအပ်ချက်ရှိနေပေမဲ့ မဝယ်နိုင်သေးတဲ့ အိမ်ရာတွေ



ရန်ကုန်မြို့မှာ အခြေချနေထိုင်လာတဲ့ လူဦးရေတွေ နေ့စဉ်နဲ့အမျှ တိုးတက်လာနေပြီး သူတို့တွေအတွက် အိမ်ရာလိုအပ်ချက်ဟာလည်း အမြန်ဆုံးဖြည့်ဆည်းပေးဖို့ လိုအပ်နေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

အိမ်ရာလိုအပ်ချက်က အများအပြားရှိနေပေမဲ့ အိမ်ခြံမြေကဏ္ဍမှာ အရောင်းအဝယ်နှေးနေရတဲ့ အဓိကအချက် က လိုအပ်ချက်မရှိလို့မဟုတ်ဘဲ ပြည်သူတွေ စီးပွားရေးမကောင်းတဲ့အတွက်ကြောင့် မဝယ်နိုင်တာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်အများစုက သုံးသပ်ကြပါတယ်။

အိမ်ရာတွေထဲမှာ အဓိကအားဖြင့် သာမန်ပြည်သူတွေ နေထိုင်ဖို့ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတအိမ်ရာတွေဟာ လိုအပ်ချက်အများဆုံးဖြစ်နေပြီး ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေသာမက နိုင်ငံတော်အစိုးရအနေနဲ့ပါ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမ·းချုပ် ဦးမျိုးမြင့်က ဆိုပါတယ်။

ယခင်အစိုးရလက်ထက်က စတင်ဆောက်လုပ်ခဲ့ပြီး ပြီးစီးတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာတွေကို ယခုအစိုးရလက်ထက်မှာ ရောင်းချပေးနေပေမဲ့ အစိုးရအနေနဲ့ အခြေခံပြည်သူတွေအတွက် အိမ်ရာအသစ်တွေ အကောင်အထည်မဖော်ပေးနိုင်သေးဘူးလို့ ဦးမျိုးမြင့်က ပြောပါတယ်။

အိမ်ရာလိုအပ်ချက်တွေ များနေသေးတဲ့ နိုင်ငံအတွက် အစိုးရဘက်က ဖော်ထုတ်ပေးနိုင်တဲ့ အခန်းကဏ္ဍက ပြီးခဲ့တဲ့ အစိုးရသက်တမ်းငါးနှစ်အတွင်းမှာတော့ မပြည့်မီခဲ့သေးဘူးလို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြီးခဲ့တဲ့နှစ် မတ်လက ပြောပါတယ်။

luy2.jpg
ရွှေပေါက်ကံ တန်ဖိုးမျှတအိမ်ရာကို တွေ့ရစဉ်။ ဓာတ်ပုံ • သီရိလူ

ရွှေပေါက်ကံ တန်ဖိုးမျှတအိမ်ရာကို တွေ့ရစဉ်။ ဓာတ်ပုံ • သီရိလူ

"အိမ်ရာလိုအပ်ချက်က အများကြီးရှိနေပါတယ်။ ဒါပေမဲ့ အိမ်တန်ဖိုး၊ ဘဏ်ချေးငွေရဲ့ လိုအပ်ချက် များပြားမှုနဲ့ စီးပွားရေးမကောင်းတဲ့အတွက် ပြည်သူတွေအနေနဲ့ မဝယ်ချင်တာမဟုတ်ဘူး၊ မဝယ်နိုင်တာ"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

အစိုးရအနေနဲ့ တကယ်အိမ်လိုနေတဲ့ ပြည်သူတွေ အတွက် အိမ်ရာတွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ အဓိကအနေနဲ့ ဆောက်လုပ်ဖို့ မြေ၊ အခြေခံ လမ်းတံတားနဲ့ ရေ၊ မီးတွေကို အလကားပေးနိုင်ရမှာဖြစ်ပြီး ဆောက်လုပ်တဲ့ ကန်ထရိုက်တွေအတွက် ဆောက်လုပ်ရေးပစ္စည်းတွေအပေါ် အခွန်မကောက်ဘူးဆိုရင်တော့ တကယ်အရည်အသွေးကောင်းပြီး တန်ဖိုးနည်းတဲ့ တိုက်ခန်းတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ဦးမျိုးမြင့်က သုံးသပ်ပါတယ်။

"ဘဏ်တွေကိုလည်း အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည်ချေးပေးနိုင်ပြီး လိုအပ်ချက်တွေကို လျှော့ပေါ့ တောင်းဆိုလာမယ်ဆိုရင် တော့ ထိုက်သင့်သလောက် ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်တယ်။ ဒါတောင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည်းနိုင်မယ်၊ ၁၀ဝ ရာခိုင်နှုန်း မရနိုင်သေးဘူး"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

အစိုးရအနေနဲ့ အိမ်ရာကဏ္ဍမှာ ၂၀၃၀ ပြည့်နှစ်အထိ စုစုပေါင်း အိမ်ရာ တစ်သန်း ဆောက်လုပ်သွားဖို့ ရှိနေပါတယ်။ နှစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးမှာ စုစုပေါင်း အိမ်ခန်း ၁၀ç၉၂၄ ခန်း ဆောက်လုပ်ခဲ့ပြီး ၁၀ဝ ရာခိုင်နှုန်းပြီးစီးတဲ့ အခန်းပေါင်း ၅ç၇၄၈ ခန်းရှိပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။

လက်ရှိမှာ ၇၀ ရာခိုင်နှုန်းပြီးစီးတဲ့ အခန်းပေါင်း ၅ç၁၇၆ ခန်းရှိပြီး လာမယ့် ၂၀၁၉ မတ်လကုန်မှာ ၁၀ဝ ရာခိုင်နှုန်းပြီးစီးမယ့် အခန်းပေါင်း ၁ç၅၇၀ ရှိလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် လာမယ့်သုံးနှစ်တာကာလအတွင်း အခန်းပေါင်း၈çဝ၀ဝ ကျော် ဆောက်လုပ်ရန်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက လျာထားပါတယ်။ ဒါ့ပြင် ဝန်ကြီးဌာနက အခန်းပေါင်း ၄çဝ၀ဝ ကျော်၊ ကုမ္ပဏီများဘက်က အခန်းပေါင်း ၆çဝ၀ဝ ကျော် စုစုပေါင်းအခန်းပေါင်း ၁၀çဝ၀ဝ ကျော်ကို ဏဏဏ စနစ်နဲ့ ဆောင်ရွက်သွားဖို့ ရှိနေကြောင်းလည်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

အစိုးရအနေနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့်အိမ်ရာတွေကို ဆောက်လုပ်ပြီး အိမ်ရာလိုအပ်ချက်တွေအတွက် ဖြည့်ဆည်းနေပြီး ဝယ်ယူသူတွေ ပိုမိုအဆင်ပြေ စေဖို့ နှစ်ရှည်အိမ်ရာချေးငွေတွေကိုလည်း ထုတ်ချေး ပေးလျက်ရှိနေပါတယ်။

ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကလည်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းတွေကို ပြည်သူတွေ အရစ်ကျစနစ်နဲ့ အလွယ်တကူ ဝယ်ယူနိုင်ဖို့ငွေထုတ်ချေးပေးနေပါတယ်။ အိမ်ခန်းတန်ဖိုးရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းရမှာဖြစ်ပြီး ကျန်ငွေအတွက် ဘဏ်တိုးနှုန်းက ရှစ်ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပမာဏက အနည်းငယ် များနေသေးတယ်လို့ ဆိုပါတယ်။

အမှန်တကယ် အိမ်ရာလိုအပ်သူတွေကတော့ ကြီးမြင့်တဲ့ အတိုးနှုန်းတွေနဲ့ အဆောက်အအုံရဲ့ အရည်အသွေးတွေကြောင့် နောက်ပိုင်းမှာ ဝယ်ယူဖို့ကို တွန့်ဆုတ်လာကြပါတယ်။

၂၀၁၈ ခုနှစ်က ရန်ကုန်မြို့မှာရှိတဲ့ အိမ်ရာတွေမှာ ဝယ်ယူဖို့ မဲပေါက်ခဲ့တဲ့အထဲက ၈၆၄ ဦးကို ရောင်းချပေးခဲ့ပေမဲ့ အဲဒီထဲက ရာဂဏန်းခန့်က ငွေမသွင်းနိုင်တာနဲ့ အခန်းမကြိုက်လို့ ပြန်အပ်ခဲ့ကြတယ်လို့ ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အရင်ကတော့ အစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာဝယ်ဖို့ ကြိုးစားသေးတယ်။ ကိုယ်တိုင်တင်မရတော့ သူများဆီက တစ်ဆင့် ပြန်ဝယ်ဖို့လုပ်တော့ ပေးရတဲ့ဈေးနဲ့ တိုက်ခန်းအရည်အသွေးက မတန်လို့ မဝယ်ဖြစ်တော့ဘူး"လို့ မြို့ထဲနဲ့ မဝေးလွန်းတဲ့ နေရာတစ်ခုမှာ အိမ်ဝယ်ဖို့ ကြိုးစားနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်က မခိုင်ခိုင်အေး က ပြောပါတယ်။

နယ်ကနေ ပြောင်းရွှေ့လာတဲ့ အခြေ ချနေထိုင်သူတွေဟာ အိမ်အငှားနဲ့သာ နေထိုင်လေ့ ရှိကြပြီး အိမ်ဝယ်နိုင်ဖို့ နှစ်ရှည်ချေးငွေတွေ ရရှိနေပေမဲ့ အတိုးနှုန်းနဲ့ အခွန်နှုန်းတွေကြီးမြင့်တာကြောင့် ဝယ်ဖို့စိတ်ကူးရှိပေမဲ့ လက်ရှိအချိန်ထိ တွေဝေနေဆဲဖြစ်တယ်လို့ မခိုင်ခိုင်အေးက ဆိုပါတယ်။

လက်ရှိဈေးကွက်အတွင်းမှာ ငွေကျပ် တစ်သိန်းကနေ သုံးသိန်းဝန်းကျင်တိုက်ခန်းတွေ အငှားသွက်နေပြီး မြို့တွင်းနဲ့ အနည်းငယ်လှမ်းတဲ့ တောင်ဥက္ကလာ၊ လှိုင်နဲ့ မရမ်းကုန်း စတဲ့မြို့နယ်တွေမှာ အငှားရော အရောင်းပါ သွက်နေတယ်လို့ ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါတယ်။

အစိုးရကရောင်းချတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူသူတွေကလည်း အမှန်တကယ်နေထိုင်သူတွေထက် တစ်ဆင့်ခံ အမြတ်တင်ပြန်ရောင်းသူတွေက ပိုများနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အမြတ်တင်ရင်း တန်ဖိုးနည်းအိမ်ရာတွေဟာ တန်ဖိုး တဖြည်းဖြည်းများလာပြီး အမှန်တကယ်အိမ်ရာလိုအပ်သူတွေအတွက် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။ အစိုးရကကြေညာထားတဲ့အတိုင်း အိမ်ခန်းတွေ ပေါ်ထွက်လာပြီး အမှန်တကယ်လိုအပ်တဲ့ ပြည်သူလက်ထဲ ရောက်ဖို့ကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်။

အိမ်ရာတွေက အများအပြားရှိနေပေမဲ့ အရည်အသွေးညံ့ဖျင်းမှုကြောင့်ဝယ်ယူသူ နည်းပါးလာပြီး အောင်မြင်တဲ့ အိမ်ရာရောင်းချရေးစနစ်တစ်ခု မဖြစ်လာသေးဘူးလို့ နျအအေန ပြညောမေ အိမ်ခြံမြေရောင်းဝယ်ရေးက ဒေါက်တာထူးမြတ်နိုင်က ပြောပါတယ်။

"အစိုးရမြေပေါ်မှာ ကုမ္ပဏီတွေကို ဆောက်လုပ်ခွင့်ပြုလိုက်၊ ဈေးနှုန်းတစ်ခုသတ်မှတ်လိုက်ပြီး ကြိုက်တဲ့သူဝယ်လို့ရတဲ့စနစ် ပြောင်းလိုက်မယ်ဆိုရင် တကယ်အိမ်ရာလိုအပ်တဲ့သူတွေအတွက် တစ်ဖက်တစ်လမ်းက အထောက် အကူပြုနိုင်ပါလိမ့်မယ်"လို့ ဒေါက်တာထူးမြတ်နိုင်က ဆိုပါတယ်။



Ref: Myanmar Times News