Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

စီမံကိန်းများနှင့် ရန်ကုန်မြို့ပြ





ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင် ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းများ ရှိနေသည်။ တချို့စီမံကိန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်အကောင်အထည်ဖော်နေပြီး အချို့စီမံကိန်းများကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းများအတွင်းမှ လာမည့်နှစ် အနည်းငယ်တွင် ရုပ်လုံးပေါ်လာနိုင်သည့် စီမံကိန်းများရှိသကဲ့သို့ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်များ လည်းရှိသည်။

ရန်ကုန်အဆင့်မြင့် မိုးပျံ အမြန်လမ်းမကြီးစီမံကိန်း

ရန်ကုန်အဆင့်မြင့် မိုးပျံအမြန်လမ်းမကြီး စီမံကိန်း သည် ရန်ကုန်မြို့တောင်ဘက်ပိုင်းရှိ ရန်ကုန်ဆိပ်ကမ်း၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြောက်ပိုင်းရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်စက်မှုဥယျာဉ်နှင့် ရန်ကုန်- • မန္တလေး အမြန်လမ်းတို့ကို ချိတ်ဆက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ယင်းစီမံကိန်းကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သော Public Private Partnership အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

"အခြေခံအဆောက်အအုံနဲ့ ပတ်သက်လို့ မိုးပျံလမ်း၊ နှစ်ထပ်လမ်း လုပ်မယ်ဆိုတာလည်း ပြည်ထောင်စုက ပြောတာတွေ ကြားရတယ်။ လေ့လာဆန်းစစ်မှုတွေလည်း လုပ်နေပြီလို့လည်း ပြောတယ်။ ဒါကလည်း မြို့ရဲ့ တိုးတက် လာတဲ့ လူဦးရေအနေနဲ့ကော၊ ယာဉ်အနေနဲ့ကော လိုအပ်တဲ့ကိစ္စပါ"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦးက ပြောသည်။

စီမံကိန်းအတွက် စိတ်ဝင်စားမှု လျှောက်လွှာများ ခေါ်ယူခဲ့ရာ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ အဆိုပြု တင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုအထိ လျှောက်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း

ရန်ကုန်မြို့သစ်စီမံကိန်း၏ အဆင့်(၁)အဖြစ် ရန်ကုန်မြို့ကြည့်မြင်တိုင် အနောက်ဘက်ကမ်းရှိ ဧက ၂၀ဝ၀ဝ ခန့်ရှိ မြေနေရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိ တက် (NYDC) က တာဝန်ယူဆောင်ရွက်နေသည်။

ယခုစီမံကိန်းဖြစ်သည့် မြို့သစ်ကြီးတစ်ခု တည်ထောင် မည့်ကိစ္စသည် တိုင်းဒေသကြီးအဆင့် လွှတ်တော်တွင် ဆွေးနွေးရမည့် အဆင့်မျိုးမဟုတ်ဘဲ ပြည်ထောင်စုအဆင့် တွင် ဆွေးနွေးရမည့်ကိစ္စမျိုးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

"လွှတ်တော်တွေမသိဘဲ မြို့သစ်ကြီးတစ်ခု ပေါ်ပေါက် သွားတယ်ဆိုတာက တော်တော်ကို မဖြစ်သင့်တဲ့ ကိစ္စပါ။ဒါကို အကြိမ်ကြိမ် ကန့်ကွက်နေတယ်။ လမ်းကြောင်းမှန်ပေါ်ရောက်သွားပြီးတော့ ဘယ်အစိုးရပဲတက်တက် ဒီမူဝါဒအောက်မှာ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ လွှတ်တော် ကိုယ်စာလှယ်းတွေက ဆွေးနွေးနေကြတာဖြစ်တယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

"ဒီလောက်ပြောနေကြတဲ့ကြားထဲ ဆိပ်ကြီးခနောင်တိုသွားတဲ့လမ်းမကြီးမှာ ရန်ကုန်မြို့သစ်စီမံကိန်းကြီး မြေပြင်ရုံးစိုက်ဖို့ ရုံးအဆောက်အအုံတွေဆောက်ဖို့ ြီ့ဃ ကကြိုးစားနေတယ်"ဟု စီမံကိန်းလက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး ၎င်းကပြောသည်။

မြန်မာ -ကိုရီးယားချစ်ကြည်ရေး ဒလတံတား

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် မြန်မာ • ကိုရီးယားချစ်ကြည်ရေး ဒလတံတားကိုလည်း ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်တည်ဆောက်သွားမည် ဖြစ်သည်။ ယင်းဒလတံတားကို ဒီဇင်ဘာ ၁ ရက်တွင် ပန္နက်ရိုက် အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းတံတား တည်ဆောက်ရေးအတွက် ကိုရီးယား ထုတ်ကုန်•သွင်းကုန်ဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။


ဒလတံတားစီမံကိန်းအတွက် ဘုန်းကြီးလမ်းတွင် မြေတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ • ဇော်နိုင်စိုး

ဒလတံတားစီမံကိန်းအတွက် ဘုန်းကြီးလမ်းတွင် မြေတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ • ဇော်နိုင်စိုး

ရန်ကုန်မြို့ ရထားသယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ခြင်း

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ၅ ဘီလျံတန်ဖိုးရှိ စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သည်။ အကောင်အထည်ဖော်ခွင့်ကို တရုတ်၊ စင်ကာပူနှင့် မြန်မာနိုင်ငံက ကုမ္ပဏီများ ပေါင်းထားသည့် Central Transport Development Consortium (CTDC)လုပ်ငန်းစုက ရရှိခဲ့သည်။

စီမံကိန်းလုပ်ကိုင်ခွင့်ရ CTDC လုပ်ငန်းစုတွင် ပြည်တွင်း မင်းဓမ္မကုမ္ပဏီက ၄၀ ရာခိုင်နှုန်း၊ စင်ကာပူအခြေစိုက်Oxley ကုမ္ပဏီနှင့် တရုတ်နိုင်ငံကSino Great Wall ကုမ္ပဏီတို့က ၃၀ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။

စီမံကိန်းတစ်ခုလုံးသည် ဧက ၆၀ ကျော် ကျယ်ဝန်းပြီး ရန်ကုန်မြို့လယ်တွင် ဖော်ဆောင်မည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ စီမံကိန်းဧရိယာမှာ မြောက်ဘက်ခြမ်းတွင် ဗိုလ်မင်းရောင်လမ်းမအထိ၊ အရှေ့ဘက်ခြမ်းတွင် သိမ်ဖြူလမ်းအထိ၊ တောင်ဘက်ခြမ်းတွင် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်နှင့် အနောက်ဘက်တွင် ဆူးလေလမ်းမကြီးအထိဖြစ်ကြောင်း သိရသည်။

တည်ဆောက်ရေးကာလ ရှစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး စီမံကိန်းတွင် ရုံးခန်းအဆောက်အအုံများ၊ လူနေအိမ်ရာများ၊ အဆင့်မြင့်တိုက်ခန်းများ၊ အများပြည်သူ အပန်းဖြေစရာပန်းခြံနှင့် ပြတိုက်များ ထည့်သွင်းတည်ဆောက်သွား မည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပတ်ရထား စနစ် အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ငွေပင်လယ်ဘက်စုံသုံး ကုန်းတွင်းဆိပ်ကမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်စေရေး အထက်တွင်ဖော်ပြခဲ့သည့် စီမံကိန်း များကို ဆောင်ရွက်နေမှုများ ရှိသကဲ့သို့ စီးပွားရေးနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် စီမံကိန်များလည်းရှိသည်။

ငွေပင်လယ် ဘက်စုံသုံး ကုန်းတွင်းဆိပ်ကမ်း(Integrated

Logistic Park and IWT Jetty) စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်မည် ဖြစ်သည်။ ယင်းစီမံကိန်းကို လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်အနီး အလယ်ရွာ၊ ကုန်းရွာကွင်း၊ ကွင်းအမှတ် (၃၀ဝ/ခ)၊ စီမံကိန်းဧရိယာ ၁၉၄ ဒသမ ၉ ဧကပေါ်တွင် လုပ်ဆောင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ခန့်မှန်း ၁၅၁ ဒသမ ဝ၇၂ ဘီလျံကျပ် ရှိကြောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် ကာလအတွင်း အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားသည်။

ဟံသာဝတီလေဆိပ်စီမံကိန်း

မြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်စီမံကိန်း ဖြစ်လာမည့် ဟံသာဝတီလေဆိပ်စီမံကိန်ကို ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါခေါ်ယူမှုတွင် ပထမဦးစားပေး တင်ဒါအောင်ကုမ္ပဏီအဖြစ် ကိုရီးယားအခြေစိုက်Incheon Airport Consortium က ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စင်ကာပူအခြေစိုက်Yongnam-CAPE- JGC Consortium က လုပ်ပိုင်ခွင့်ရရှိခဲ့သည်။ လက်ရှိတွင် အဆိုပါ လေဆိပ်စီမံကိန်းသည် ကြန့်ကြာနေပြီး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သတ်၍ ယခုအစိုးရလက်ထက်တွင်လည်း သိရှိရခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းဒေသကြီးအစိုးရတွင် လုပ်ဆောင်သွားရန် ရည်မှန်းထားသော အချက်များစွာ ရှိနေသည်။ ယင်းအချက်များတွင် တရားဥပဒေစိုးမိုးရေး၊ မြို့ပြနှင့် ကျေးလက်သောက်သုံးရေ လုံလောက်စွာရရှိရေး၊ သယ်ယူပို့ဆောင်ရေးလမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ရာစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့် ကျေးလက် ကွာခြားမှုနည်းပြီး ဟန်ချက်ညီစေရေး၊မြို့ဟောင်းနှင့် မြို့သစ်ဧရိယာများကို မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် ထိန်းသိမ်းဆောင်ရွက်ရေးတို့ ပါဝင် သည်။

ထို့ပြင် စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ကုန်သွယ်ရေးကဏ္ဍနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရန်၊ ကုန်စည်ကူးသန်းပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ အခြေခံပြီး ခိုင်မာမှုရှိစေရေး စသည့်အချက်များလည်း ပါဝင်ပြိး တိုင်းဒေသစုစုပေါင်း အချက် ၁၃ ချက်ရှိသည်ဟု တိုင်းဒေသ



Ref: Myanmar Times News