缅甸・仰光房地产网(租房,房产买卖,投资,中介)

Myanmar Housing Myanmar-Housing    






缅甸房地产新闻详细内容

ကျပ်ငါးဘီလီယံဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဝန်ထမ်းအိမ်ရာ၊



ကျပ်ငါးဘီလီယံဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဝန်ထမ်းအိမ်ရာ၊ အငှားအိမ်ရာ များဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဒီဇင်ဘာ ၂၁ ရက်၌ မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

ပူးပေါင်းတည်ဆောက်ရန်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်းတို့ပူးပေါင်း၍ ဝန်ထမ်းအိမ်ရာ၊ အငှားအိမ်ရာများ တည်ဆောက်ရန်စီမံချက် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့်တည်ဆောက်ခြင်းဖြစ်သည်။

ဆောက်လုပ်ရန်အဆင်သင့်ဖြစ်

လက်ရှိ မန္တလေးတွင် ၁၀ဝ ရာခိုင်နှုန်းခန့်ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ် ကြောင်း၊ နေပြည်တော်တွင်ဆောက်လုပ်မည့် ကုမ္ပဏီရွေးချယ်နေပြီး ရန်ကုန်တွင်လည်းဆောက် လုပ်မည့်ကုမ္ပဏီရွေးချယ်ပြီးဖြစ်ကာ ဆောက်လုပ်ရန်အဆင်သင့်ဖြစ်နေကြောင်း သိရသည်။

မြေ ၁၈၃ ဧက

"ရန်ကုန်မှာကတော့ ဒဂုံ(ဆိပ်ကမ်း)က မြေ ၁၈၃ ဧကမှာ တည်ဆောက်မှာပါ။ မန္တလေး မှာတော့ မင်းကွန်းမှာတည်ဆောက်မှာဖြစ်ပါတယ်"ဟု ဦးရှိန်ဝင်းက ပြောဆိုသည်။



Ref: Myanmar Times News