缅甸・仰光房地产网(租房,房产买卖,投资,中介)

Myanmar Housing Myanmar-Housing    






缅甸房地产新闻详细内容

ဖေဖော်ဝါရီလလယ် ပိုင်းမှာ စတင်နိုင်မယ့် NYDC Challenge



ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဖက် ကမ်းတွင် တည်ရှိသော ရန်ကုန်မြို့သစ် စီမံကိန်း၏ကနဦး အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပထမအကြိမ် NYDC Challenge ကို ဖေဖော်ဝါရီ လလယ်ပိုင်းခန့်တွင် စတင်နိုင်ရန် ကြိုးစားနေကြောင် NYDC ကုမ္ပဏီ၏ CEO ဦးသိမ်းဝေက ကုမ္ပဏီ၏CEO အပတ်စဉ် စာမျက်နှာတွင် ပြောကြားထားသည်။

"ရန်ကုန်မြို့သစ် Master Plan ရေးဆွဲခြင်းကိုAECOMနဲ့ တခြားသက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးတွေကလည်း ဆက်လက်လုပ်ဆောင်နေပြီး တစ်ချိန်တည်းမှာပဲ ကနဦး အခြေခံအဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်NYDC Challenge ကို ဖေဖော်ဝါရီလလယ်ပိုင်းမှာ စတင်နိုင်အောင် ကြိုးစားနေပါတယ်"ဟု ဦးသိမ်းဝေက ဆိုသည်။

ရန်ကုန်မြို့သစ်၏ Master Plan ပထမအဆင့်နှင့်စပ်လျဉ်းသော အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့ပြီး AECOM ကMaster Plan ပထမအဆင့်မူကြမ်းကို တင်ပြဆွေးနွေးခဲ့ကြောင်း၊ ဒုတိယအဆင့်မူကြမ်းမှာ လာမည့် ရက်သတ္တပတ်အတွင်း ထွက်ရှိလာမည်ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

NYDC Challenge ဆိုသည်မှာ မျှတသောပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် လုပ်ဆောင်ထားသော ကမ္ဘာအနှံ့တွင် ကျင့်သုံးနေသော Swiss Challenge အပေါ်အခြေခံထား သည့် တင်ဒါစနစ်ဖြစ်သည်။

NYDC Challenge တွင် ပထမအဆင့်အနေဖြင့် လုပ်ငန်းတစ်ခု လုပ်ဆောင်ရန် အရည်အသွေးပြည့် မီပြီး လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ယူဆရသည့် ကုမ္ပဏီတစ်ခုကို ပဏာမအနေဖြင့် ရွေးချယ်ပြီး အဆိုပါကုမ္ပဏီက စီမံကိန်းအကြို အဆိုပြုလွှာPPD (Pre-Project Document) ကို တင်သွင်းရမည်ဖြစ်သည်။

PPD တွင် နည်းပညာပိုင်းဆိုင်ရာ အချက်အလက် များ၊ ဘဏ္ဍာရေးအဆိုပြုချက်များနှင့် စီးပွားရေး လုပ်ငန်းပုံစံ(Business Model) များ ပါဝင်မည်ဖြစ် သည်။ ယင်းနောက် လုပ်ငန်းအကောင်အထည် ဖော်မှုအသေးစိတ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိသည်အထိ စီမံကိန်းမတိုင်မီ ယာယီသဘောတူ စာချုပ်ချုပ်ဆိုပြီး အများပြည်သူသိရှိစေရန် ကြေညာရမည်ဖြစ်သည်။

စာချုပ်ကိုကြေညာပြီးနောက် ပဏာမ ရွေးချယ် ခံထားရသည့် ကုမ္ပဏီကို အခြားအရည်အချင်း ပြည့်ဝသည့် ကုမ္ပဏီများက ပိုမိုကောင်းမွန်သည့်ကမ်းလှမ်းချက်များဖြင့် ပြန်လည်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် အသစ်ယှဉ်ပြိုင်သည့် ကုမ္ပဏီက ကမ်းလှမ်းချက်များသည် တင်ဒါခေါ်ယူသည့် သတ်မှတ်ချက်များနှင့် အခြေအနေများကို တိကျစွာလိုက်နာရမည်ဖြစ်ကြောင်းNYDC ကုမ္ပဏီ၏စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

လက်ရှိတွင် CCCC (China Communication Constructions Company)ကုမ္ပဏီက ပဏာမရွေးချယ်ခံထားရပြီး NYDC Challenge တင်ဒါခေါ်ယူနိုင်ရန် PPD အပြီးသတ်နိုင်ရေး ဆွေးနွေး ညှိနှိုင်းမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"CCCC နဲ့ လက်မှတ်ရေးထိုးလိုက်ခြင်းက အဆောက်အအုံဆောက်လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းမဟုတ်ပါဘူး။ CCCC ရဲ့ အဆိုပြုလွှာထက် ပိုကောင်းအောင် တင်ပြနိုင်တဲ့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။ ဒါပေမဲ့ မူလသဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေကိုတော့ လိုက်နာရပါမယ်၊ ဒါမှလည်း ကျွန်တော်တို့ ပန်းသီးနှစ်လုံး ဘယ်အလုံးပိုကောင်းလဲဆိုတာ ယှဉ်ကြည့်လို့ရမှာပါ"ဟု ဦးသိမ်းဝေက ပြောကြားထားသည်။

ဒုတိယကုမ္ပဏီမှ ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းချက်များဖြင့် ယှဉ်ပြိုင်လာပါက CCCC အနေဖြင့် ဒုတိယကုမ္ပဏီ၏ ကမ်းလှမ်းချက်အတိုင်း ပြန်လည်ယှဉ်ပြိုင်ခွင့်ရှိသကဲ့သို့ ငြင်းပယ်ခွင့်လည်းရှိသည်။ ငြင်းပယ်ခဲ့ပါက ဒုတိယကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ရရှိမည်ဖြစ်ပြီးPPDပြင်ဆင်ခြင်းအတွက်ကုန်ကျစရိတ်များကို အနိုင်ရကုမ္ပဏီက CCCCအား ပြန်လည်ပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်ကျစရိတ်များကိုNYDC နှင့် CCCCတို့မှ တင်ဒါမဖိတ်ခေါ်မီကပင် ကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူထားပြီး ထိုကုန်ကျစရိတ်များကို PPD တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။ PPD တွင်ပါဝင်သော အသေးစိတ်အချက်အလက်များကိုNYDC Challenge တင်ဒါစတင်သည့်အချိန်တွင် ကြေညာသွားမည်ဖြစ်သည်။

PPD တွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများမှာ (၁) တံတားအမှတ်(၁) “ ကြည့်မြင်တိုင်မြို့နယ်ကမ်းနားလမ်း၊ ဗားကရာလမ်းအနီးမှ မြို့သစ်အထိ လှိုင်မြစ်ပေါ်တွင် တည်ဆောက်မည့် ခြောက်လမ်းသွားတံတား၊ (၂) တံတားအမှတ် (၁) “ လက်ရှိ ပန်းလှိုင်မြစ်ကူးတံတားနှင့်ယှဉ်လျက် နှစ်လမ်းသွားတံတား၊ (၃) ၂၆ ကီလိုမီတာရှိ အဓိကလမ်းမကြီးများ၊ (၄) ပြန်လည်နေရာချထားမည့် မြို့ရွာ ငါးခု၏ အခြေခံအဆောက်အအုံ၊ (၅) ကနဦးဆောက်လုပ်မည့် ၁၀ စတုရန်းကီလိုမီတာရှိသော စက်မှုဇုန်ဧရိယာ (Industrial Estate)အခြေခံအဆောက်အအုံများ၊ (၆) စီမံကိန်းတစ်ခု လုံးကို ရေပေးဝေနိုင်မည့်ပမာဏရှိသော ရေ သန့်စင်စက်ရုံ၊ (၇) စီမံကိန်းတစ်ခုလုံး အသုံးပြုနိုင်သည့်ပမာဏရှိသော ရေဆိုးသန့်စင်စက်ရုံ၊ (၈) တိုးမြစ်အနီး မြို့သစ်နှင့် ၃၂ ကီလိုမီတာခန့် ကွာဝေးသောနေရာတွင် တည်ဆောက်မည့် ရေပေးဝေရေးပင်မ အဆောက်အအုံနှင့် အဓိကရေဖြန့်ဝေရေး ပိုက်လိုင်းများ၊ (၉) လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကွန်ရက်တို့ ဖြစ်သည်။ 



Ref: Myanmar Times News