缅甸・仰光房地产网(租房,房产买卖,投资,中介)

Myanmar Housing Myanmar-Housing    






缅甸房地产新闻详细内容

သုခိတာ တန်းဖိုးနည်း အိမ်ရာစီမံကိန်း



သုခိတာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် ပြီးခဲ့သည့် ၂နှစ်တုန်းက မရမ်းကုန်းမြို့နယ်ထဲက အိမ်မီးလောင်ပျက်စီးဆုံးရှုံခဲ့ သော အိမ်ပိုင်ရှင်များအတွက် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ပါသည်။ Sun Myat Tun ဆောက်လုပ်ရေးကုမ္မဏီမှ Project Engineer တစ်ဦးဖြစ်သူ မအေးမိုးသူ ပြေကြားချက်အရ ၎င်းအိမ်ရာစီမံကိန်းကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ထဲမှာ အပြီးသတ်ရန်ဖြစ်ပါသည်။ ထို့နောက် လမ်းခင်းခြင်းနှင့် လျှပ်စစ်မီးကြိုး သွယ်တန်းခြင်းများ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ရာ နှစ်ကုန်ခါနီး အားလုံးပြီးစီးသွားမည်ဟု ဆက်လက်ပြောကြားပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထုတ်ပြန်ချက်အရ အမှတ်(၆)ရပ်ကွက် ဇေယျာခေမာ(၅)လမ်းတွင် ဆောက်လုပ်နေသော အိမ်ရာစီမံကိနး်သည် ၂၀၁ရခုနှစ် ဖေဖော်ဝါရီလတုန်းက မီးလောင်ပျက်စီးရှုံးခဲ့သော အိမ်ပိုင်ရှင် မိသားစု (၃၈)စု အတွက် ရည်ရွယ်ဆောက်လုပ် ခြင်းဖြစ်ပါသည်။
ထိုတန်ဖိုးနည်းအိမ်ရာ အဆောက်အဦး(၇)လုံးကို ၂၀၁၈ခုနှစ် သြဂုတ်လထဲတွင် စတင်ဆောက်လုပ်ခြင်း ဖြစ်၍ လူနေအိမ်ခန်း စုစုပေါင်း (၉၀)ခန်း ပါရှိပါသည်။ မအေးမိုးသူ ပြောကြားချက်အရ ၎င်းလူနေအိမ်ခန်းများ အနက် (၃၈)ခန်းကို သက်ဆိုင်ရာ မီးဒုက္ခသည်များအား ပေးအပ်ပြီး အိမ်ခန်း(၅)ခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အားပေးအပ်၍ ကျန်သော အခန်းများကို ဆောက်လုပ်ရေး ကုမ္ပဏီမှ ရောင်းချခွင့် ရှိကြောင်းသိရပါသည်။