မြန်မာ ရန်ကုန် အိမ်ခြံမြေ အကျိုးဆောင်

try Zawgyi version.
04/10
ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်တည်ရှိသည်။ Junction City, ဗိုလ်ချုပ်ဈေးတို့သို့ ၃မိနစ်ခန့် လမ်းလျောက်သွားရုံဖြင့် ရောက်သည်။ Sule Shangri-La Hotel, Sakura Tower, ရန်ကုန်ဘူတာကြီး၊ ဆူးလေဘုရား၊ တို့နှင့်လည်းနီးသည်။ လမ်းမတန်းဖြစ်သည့်အတွက် ရုံးခန်းဖွင့်ချင်သူများအတွက် အလွန်သင့်တော်သည့် အခန်းဖြစ်သည်။ ဘတ်စ်ကားမှတ်တိုင်နှင့် နီးသည့်အတွက် ဝန်ထမ်းများအတွက်လည...
12 L04/10
ကမ္ဘာအေးလမ်းမပေါ်တွင်တည်ရှိပြီး ချော်တွင်းကုန်းလမ်းဆုံအနီးတွင် တည်ရှိသည့်အတွက် အချက်အချာကျ၍ သွားလာရ လွယ်ကူသည့် နေရာဖြစ်သည်။ ကမ္ဘာအေးဘုရား၊ ကမ္ဘာအေးဂမုန်းပွင့်၊ ပါရမီကုန်းကျော်တံတား၊ ကျောက်မျက်ရတနာ ရုံးတို့နှင့်လည်း နီးသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်မြို့ထဲ၊ သို့လည်း သွားလာရလွယ်ကူသည်။ ၁၈၀၀ စတုရန်းပေ...
4.5 L02/22
တိုက်ခန်း၏အနီးတ၀ိုက်တွင် စားသောက်ဆိုင်များစွားရှိသည့်အတွက် အလွယ်တကူ ၀ယ်ယူစားသောက်နိုင် သည်။ နံနက်ခင်းဈေးအတွက် ဂွဈေးနှင့်လည်းနီးသောကြောင့် မိမိစိတ်ကြိုက် ၀ယ်ယူချက်ပြုတ်စားသောက် နိုင်ပါသည်။ မြေနီကုန်း ဒဂုံစင်တာတစ်၊ နှစ်၊ ဂမုန်းပွင့်၊ မြေနီကုန်းစီးတီးမတ်တို့နှင့် အလွန်နီးသဖြင့် နေထိုင်၍အ လွန်အဆင်မြေသော နေရာဖြစ်ပါသ...
10 L02/22
အခန်းတွင်းကို အဆင့်မြင့်ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်ပါသည်။ အခန်းတိုင်း အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းသည်။ 24နာရီ ရေနှင့် မီးရသည်။ မီးပျက်ပါက မီးစက်နှိုးပေးသည်။ မီးစက်နှိုးသည့်အချိန်တွင် အခန်းတွင်း လိုက်တင်မီးနှင့် အဲကွန်းအကုန်သုံးနိုင်သည်။ အမှိုက်ပစ်စနစ်နှင့် မီးသတ် alarm ပါဝင်သည်။သီလဝါ စက်မှုဇုန်သို့ ၁၅မိနစ်ခန့်...
13.3 L01/05
ရန်ကုန်တက္ကသိုလ်၊ အင်းယားကန်၊ လှည်းတန်းလမ်းဆုံ၊ ဆေးတက္ကသိုလ်(၁)၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း၊ MRTV ရုံး၊ နိုဗိုတယ်ဟော်တယ်၊ AGD Bank တို့နှင့်နီးသည်။ ကျန်းမာရေးလိုက်စားသူများအတွက် အင်းယားကန်နှင့် နီးသောကြောင့် လမ်းလျောက်ထွက်ခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်နိုင်သည်။ ...
37 L01/05
ဤတိုက်ခန်းလေးသည် စမ်းချောင်းမြို့နယ် စမ်းချောင်းဂါးဒင်းအိမ်ရာအနီးတွင် တည်ရှိပါသည်။ ကိုးထပ်ကြီးဘုရား၊ ရှမ်းလမ်းGasဆိုင်၊ စမ်းချောင်းမြို့နယ် တရားရုံး၊ အထက ၄၊ အထက ၃အစိုးရစာသင်ကျောင်းများ၊ စမ်းချောင်းမီးသတ်နှင့် ဘဏ်တို့ကိုလည်း ၅မိနစ်လမ်းလျှောက်လျှင် ရောက်ပါသည်။ အာရှတော်၀င်ဆေးရုံ၊ မြေနီကုန်းလမ်းဆုံ၊ ဒဂုံစင်တာ ၁၊ ၂၊ ဂမု...
3.5 L04/10
အိမ်၏အနီးနားတွင် မင်္ဂလာသန်းမြင့် စက်နှင့်စက်ပစ္စည်း အရောင်းဆိုင်ကြီး၊ ဘုရင့်နောင်ပွဲရုံ အစရှိသည်တို့နှင့် အလွန်နီးပါသည်။ သိရိမင်္ဂလာဈေး နှင့်လည်းနီးသည်။ သမိုင်းလမ်းဆုံမှ City Mark သို့ Shopping ထွက်နိုင်သလို ဘုရင့်နောင်ဈေး ၊ ဗဟိုငါးဈေး၊ သို့လည်းသွား၍ ဈေး၀ယ်နိုင်ပါသည်။ ဘုရင့်နောင်မှတ်တိုင်တွင် ဆင်း၍ လမ်းလျောက််နိုင်ပါသည်။ မ...
22000 L04/10
မရမ်းကုန်း 9မိုင် မစိုးရိမ်လမ်းထဲတွင် တည်ရှိသည်။ လုံးချင်းအိမ်များနှင့် ဘုန်းကြီးကျောင်းများသာ တည်ရှိသည့် အတွက် တိတ်ဆိတ်ငြိမ်သက်သည့် နေရာဖြစ်သည်။ ပြည်လမ်းမကြီး နှင့် နီးသည်။ လမ်းထိပ်တွင် ကားမှတ်တိုင်ရှိသည်။ မှတ်တိုင်မှ ငှားမည့် အိမ်သို့ လမ်းမလျောက်ချင်သူများ အတွက် ဆိုင်ကယ် ကယ်ရီ ငှားစီးနိုင်သည်။ မှတ်တိုင်မှ လမ်းလျေ...
15000 L02/22
အခန်းတွင်းကို အဆင့်မြင့်ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်ပါသည်။ အခန်းတိုင်း အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းသည်။ 24နာရီ ရေနှင့် မီးရသည်။ မီးပျက်ပါက မီးစက်နှိုးပေးသည်။ မီးစက်နှိုးသည့်အချိန်တွင် အခန်းတွင်း လိုက်တင်မီးနှင့် အဲကွန်းအကုန်သုံးနိုင်သည်။ မီးသတ် alarm ပါဝင်သည်။သီလဝါ စက်မှုဇုန်သို့ ၁၅မိနစ်ခန့် ကားမောင်းရုံဖြင့် ရ...
1300 L02/22
ရန်ကင်းမြို့တွင် တည်ရှိသည့် Golden City Condo ဖြစ်သည်။ ရန်ကင်းစင်တာ သို့ ကားဖြင့် ၄မိနစ်၊ လမ်းလျောက်သွားပါက ၁၁မိနစ် အတွင်းရောက်သည်။ ရန်ကင်းဈေး၊ Myanmar International School, မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Myanmar Plaza၊ အင်းယားကန်၊ ဆီဒိုးနားဟော်တယ်၊ ကျိုက်ကဆံဘောလုံးကွင်းတို့ နှင့်လည်း နီးသည်။ သွားလာရလွယ်ကူ၍ အချက်အချာကျသည့် နေရာတွင် တည်ရှိသည်။ ရန်ကုန်မြို့ထဲ...
3300 L01/05
လုံးချင်းအိမ်၏ အနီးနားပတ်ဝန်းကျင်တွင် ဒဂုံညွှန့်ဈေး၊ poultry wholesale၊ Grab and Go convenience store၊ 9 royal Export fashion အစရှိသည်တို့နှင့် နီးသည်။ အနီးနားတွင် သံသုမာပန်းခြံလည်းရှိပါသည်။ ကားဂိတ် နှင့်လည်းနီးသဖြင့် သွားေ၇းလာရေးအဆင်ပြေပါသည်။ သု၀ဏ္ဏအမျိုးသား အားကစားပွဲရုံနှင့် လည်းအလွန်နီးပါသည်။ လုံးချင်းအိမ်သည် တာမွေတွင်မြို့နယ်တွင် ရှိပြီး အဆင့်မြင့်ပြ...
10800 L01/05
ကမာရွတ်မြို့နယ်၊ ရေကြောင်းသိပ္ပံကျောင်းနှင့် မြန်မာ့ သငေ်္ဘာကျင်းလုပ်ငန်းအရှေ့တွင် တည်ရှိသည့် အိမ်ရာဝန်းဖြစ်သည်။ အရိုးအကြောဆေးရုံ ၊အသစ်တည်ဆောက်ထားသည့် ဆင်မလိုက်ဈေးသစ်၊ ဂရန်းဟံသာ ဆေးရုံ တို့နှင့်နီးသည်။ ဈေးဝယ်စင်တာများအနေဖြင့် Junction Square ၊ လှည်းတန်း စိန်ဂေဟာ၊ လှည်းတန်း စင်တာတို့ သို့ သွားလာနိုင်ပါသည်။ မြို့ထဲသို့ 16 မိနစ...
1800 L
・စျေးနှုန်းများသည် ပိုင်ရှင်၏ဆန္ဒအတိုင်း ခေါ်စျေးဖြစ်ပြီး အလျှော့အတင်းရှိပါသည်။
・မြန်မာတွင် အငှားစာချုပ်သက်တမ်းမှာ အခြေခံအားဖြင့် တစ်နှစ်ဖြစ်ပါသည်။ တစ်နှစ်စာကြိုတင် ပေးဆောင်ရပါမည်။ အာမခံ တင်သွင်းရန်မလိုပါ။
・အိမ်ရှင်အပေါ်မူတည်၍ ၃လစာအထိ ကြိုတင်ငွေ Deposit ပေးသွင်းရပါသည်လည်းရှိပါသည်။ အိမ်ခန်းပြင်ဆင်ထား မှု၊ ပရိဘောဂ ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ ထည့်သွင်းပေးထားမှု အပေါ်မူတည်ပါသည်။
・တစ်နှစ်တာအငှားစာချုပ်အတွက် အကျိုးဆောင်ခမှာ အိမ်လခ၏ တစ်လစာ ဖြစ်ပါသည်။
Myanmar-Housing သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေအကျိုးဆောင် ဝဘ်ဆိုက်ကြီးဖြစ်ပြီး ၂၀၁၁ခုနှစ်တွင် စတင်တည်ထောင်ပါသည်။ မိမိသိလိုသော လုံးချင်းအိမ်၊ ကွန်ဒို၊ စက်ရုံ၊ ရုံခန်း၊ ဆိုင်ခန်းနှင့် မြေနေရာတို့၏ သတင်းအချက်အလက်များစွာကို Myanmar-housing တွင် ရှာဖွေနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ကိုယ်စားလှယ်များမှလည်း မိမိတို့ရောင်းလို၊ ဝယ်လို၊ ငှားလိုသည်များကို Myanmar-Housing တွင် ကိုယ်တိုင်ထည့်သွင်း ကြေငြာနိုင်ပါသည်။
အသေးစိတ်ကြည့်ရှ
အိမ်တစ်လုံးအား ရောင်းလို (သို့) ဝယ်လိုသည်ဆိုပါက ရောင်းသူ (သို့) ဝယ်သူ၏ သတင်းအချက်အလက် သာမက အိမ်၏အချက်အလက် များစွာကိုပါ သိရှိရန်လိုအပ်လှပါသည်။ ဝယ်သူဖြစ်ပါက လုံချင်းအိမ်၊ ကွန်ဒို၊ စက်ရုံ၊ ရုံးခန်း၊ ဆိုင်ခန်း နှင့်မြေနေရာ များစွာကို မိမိစိတ်ကြိုက်ရှာဖွေနိုင်ပါသည်။ အကျိုးဆောင် ကိုယ်စားလှယ်ဖြစ်ပါကလည်း အိမ်ခြံမြေနှင့်ပက်သက်သော သတင်းအချက်အလက်များကို Myanmar-Housing တွင်မိမိကိုယ်တိုင် ထည့်သွင်းကြေငြာနိုင်သောကြောင့် တစ်ဖက်တစ်လမ်းမှ ဝယ်သူရှာဖွေပေးနိုင်ပါသည်။
အသေးစိတ်ကြည့်ရှ
အိမ်တစ်လုံးအား ယာယီ ခေတ္တခဏ ငှားနေရန် ရှာဖွေနေသူဖြစ်ပါက မှန်ကန်တိကျသည့် အိမ်ခြံမြေအကျိုးဆောင် ဝဘ်ဆိုက်ကို ကြည့်ဖြစ်ရန် လိုအပ်လှပါသည်။ အိမ်ခြံမြေ ငှားရမ်းခြင်း၊ ပေးငှားခြင်းနှင့်ပက်သက်သည့် သတင်းအချက်အလက် အစုံအလင်ကို Myanmar-Housing တွင် တွေ့မြင်နိုင်ပါသည်။ မိမိနှင့်အဆင်ပြေသော အိမ်ကို မိမိကိုယ်တိုင် ရှာဖွေ ရွေးချယ်နိုင်ပါသည်။
အသေးစိတ်ကြည့်ရှ
စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်ခန်းများတည်ဆောက်ရန် မြေနေရာ လိုအပ်သူများ (သို့) အနာဂတ်တွင် တည်ဆောက်ရန် မြေနေရာလိုအပ်သူများ အတွက်လည်း ရောင်းနိုင်၊ ဝယ်နိုင်၊ ငှားရမ်းနိုင်ရန် မြေနေရာ သတင်းအချက်အလက်များစွာကို စာရင်းပြုစုထားပါသည်။ မိမိလိုအပ်ချက်နှင့် ကိုက်ညီသော မြေနေရာကို Myanmar-Housing တွင်ရှာဖွေနိုင်ပါသည်။
အသေးစိတ်ကြည့်ရှ