မြန်မာ ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင် ငှားရန် အိမ်ခြံမြေ

Myanmar Housing Myanmar-Housing    





SN: R4615, (ငှားရန်)

ရန်ကင်းတွင် အိပ်ခန်းနှစ်ခန်းပါသော စိန်းလဲ့အောင်ကွန်ဒိုခန်း ငှားရန်ရှိသည်။
in ရန်ကင်း, ရန်ကုန်မြို့

စျေးနှုန်း
18 Lakh Ks / per month
(≒782 US$, 1US$≒2300Ks)
အကျယ်အဝန်း
1100 ft2    (=102.19 m2)
အမျိုးအစား
ကွန်ဒို
တည်နေရာ
ရန်ကင်း, ရန်ကုန်မြို့
အခန်းများ
1 Master bed room   1 Bed room   1 Living room   1 Dining room   2 Wash room   1 Kitchen   

တည်ဆောက်ပုံ
Reinforced concrete ကွန်ကရစ်
အလွှာ/ အထပ်ပေါင်း
11th floor / 12 ထပ်
 
 
တည်ဆောက်သည့်ခုနစ်
Unknown မသိ
 
 
ပြင်ဆင်ထားခြင်း
Good ကောင်း
ပရိဘောဂပါဝင်ခြင်း
Full furnished ပရိဘောဂ အပြည့်အစုံ
လေအေးပေးစက်
3 unit
ဓာတ်လှေကား
Yes ရှိ
တယ်လီဖုန်း
No မရှိ
ကားပါကင်
Yes ရှိ
ဝင်နိုင်သောရက်စွဲ
Immediately ချက်ချင်း
ရှင်းပြချက်
ဤကွန်ဒိုလေးသည် ကမ်ဘာအေးဘုရား လမ်းမပေါ် ဆီဒိုးနားဟော်တယ် အနီးတဝိုက်တွင်တည်ရှိပါသည်။ အင်းယားကန်ဘောင်၊ မြန်မာပလာဇာတို့သို့ ငါးမိနစ်လမ်းလျှောက်လျှင် ရောက်ပါသည်။ ရန်ကင်းစင်တာ၊ ရန်ကင်းဈေး၊ ရန်ကင်းစပေ့ကွန်ဒို၊ Golden City Condominium၊ ရွေှအုန်းပင် အိမ်ရာတို့ကိုလည်း ငါးမိနစ်ကားစီးလျှင် ရောက်ပါသည်။ ဘက်စ်ကားများ တက္ကစီ များနှင့်အလွယ်တကူ သွားလို့အဆင်ပြေသောနေရာလေး ဖြစ်ပါသည်။ မြန်မာပလာဇာ၊ ရန်ကင်းဈေး၊ ရန်ကင်းစင်တာတို့နှင့်နီးသည့်အတွက် ဈေး၀ယ်ရန်လွယ်ကူပါသည်။ အင်းယားကန်နှင့်နီးသည့်အတွက်လည်း ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ခြင်း၊ လေကောင်းလေသန့်ရှူခြင်းများပြုလုပ်နိုင်ပါသည်။

ဧည့်ခန်းထဲတွင် ဆိုဖာစက်တီတစ်စုံ၊ တီဗီနှင့်တီဗွီစင်၊ လေးအေးပေးစက်တစ်လုံး၊ ပြတင်းပေါက်လိုက်ကာများ၊ နံရံကပ်စင်များ၊ မီးဆိုင်းများနှင့်လည်း အလှဆင်ပေးထားပါသည်။ မာစတာအိပ်ခန်းထဲတွင် နှစ်ယောက်အိပ်ကုတင်မွေ့ရာတစ်စုံ၊ ကျွန်းပါကေးခင်း၊ လေအေးပေးက်တစ်လုံး၊ ဘီဒိုတစ်လုံးနှင့် ပြတင်းပေါက်လိုက်ကာများ၊ ဘက်တပ်ပါသောရေချိုးခန်းအိမ်သာတစ်ခန်း ပါပါသည်။ ရိုးရိုးအိပ်ခန်းထဲတွင် တစ်ယောက်အိပ်ကုတင်မွှေ့ရာတစ်စုံ၊ လေအေးပေးစက်တစ်လုံး၊ ကျွန်းပါကေးခင်း၊ ပြတင်းပေါက် လိုက်ကာများနှင့် ဘီဒိုတစ်လုံး ထည့်ပေးထားပါသည်။ မီးဖိုခန်းထဲတွင် ညှော်စုပ်စက်၊ ထမင်းစားစားပွဲနှင့် ထိုင်ခုံတစ်စုံ၊ ရေခဲသေတ္တာတစ်လုံး၊ အဝတ်လျှော်စက်တစ်လုံး၊ ရေချိုးခန်းအိမ်သာတစ်ခန်းလည်းရှိပါသည်။ ရေကူးကန်နှင့် အားကစားခန်းမလည်းရှိပါသည်။ ၂၄နာရီလုံခြုံရေးရှိပြီး အရေးပေါ်လှေကားလည်း ရှိပါသည်။ ကားပါကင်လည်းပါပါသည်။ စတုရန်းပေ ၁၂၀၀ကျယ်၀န်းပါသည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေး
YBS ၂၈၊ ၃၆ ကားများကို စီးသွားနိုင်သည်။
 
 




ကိုယ်စားလှယ်/ပိုင်ရှင်သတင်း
ကိုယ်စားလှယ်
Sky Bridge Co., Ltd.
ဖုန်း
01-2303085, 01-2303086
အီးမေးလိပ်စာ
realestate@myanmarsb.com
လိပ်စာ
No.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon


Tips:
When you contact this agent, please say "I just found a property information on Myanmar Housing...". So that the agent can understand easily and your conversation will be smooth.


Caution:
Because there may be some fake entry which is inputted by the agent by making fun, you should check carefully whether the entry is real or not. If any problem related to entries occurs, Myanmar Housing will not take responsibility. So, any problem related to entry should be contact directly to the related agent.


If you see any entry which is strange or look like fake, please call us via 01-2303085.