မြန်မာ ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင် ရောင်းရန် အိမ်ခြံမြေ

Myanmar Housing Myanmar-Housing    





SN: S3314, (ရောင်းရန်)

လှိုင်သာယာ န၀ဒေးအိမ်ယာတွင် အိပ်ခန်းငါးခန်းနှင့်အိမ် ရောင်းရန်ရှိသည်။
in လှိုင်သာယာ, ရန်ကုန်မြို့

စျေးနှုန်း
4200 Lakh Ks
(≒182608 US$, 1US$≒2300Ks)
အကျယ်အဝန်း
ကြမ်းခင်းဧရိယာ: 9600 ft2    (=891.84 m2)
မြေဧရိယာ : 4900 ft2    (=455.21 m2)
အမျိုးအစား
လုံးချင်း
တည်နေရာ
လှိုင်သာယာ, ရန်ကုန်မြို့
အခန်းများ
2 Master bed room   3 Bed room   1 Living room   1 Dining room   3 Wash room   1 Kitchen   

တည်ဆောက်ပုံ
Reinforced concrete ကွန်ကရစ်
အလွှာ/ အထပ်ပေါင်း
2 ထပ်
 
 
တည်ဆောက်သည့်ခုနစ်
Unknown မသိ
 
 
ပြင်ဆင်ထားခြင်း
Good ကောင်း
ပရိဘောဂပါဝင်ခြင်း
Furnished အခြေခံ ပရိဘောဂ
လေအေးပေးစက်
4 unit
ဓာတ်လှေကား
No မရှိ
တယ်လီဖုန်း
No မရှိ
ကားပါကင်
Yes ရှိ
ဝင်နိုင်သောရက်စွဲ
Immediately ချက်ချင်း
ရှင်းပြချက်
န၀ဒေးဥယျာဉ်အိမ်ရာ အတွင်းတွင်တည်ရှိသောလုံးချင်းအိမ် ဖြစ်ပါသည်။ ၄င်းလုံးချင်းအိမ်အနီးတွင် Eastern မြန်မာ ဟော်တယ်, MK လှိုင်သာယာ ဟော်တယ်၊ F.M.I City အစရှိသည့်ဟော်တယ်များနှင့်နီးပါသည်။ စိန်ဂေဟာ(လှိုင်သာယာ)shopping mall နှင့်လည်းအလွန်နီး၍ အိုးရှင်းဈေး၀ယ်စင်တာ၊ Yangon Gem and Jewelry Sales Center အစရှိသည်တို့နှင့်လည်း နီးသည်။၄င်းအိမ်ရာအနီးတွင် Korean BBQ Kitchen, Unan Restaurant, မေရီကြာ စားသောက်ဆိုင်၊ I Pot Hong Kong Restaurant, Shin Shin Lone Restaurant အစရှိသည့်စားသောက်ဆိုင်များစွာရှိသည်။ ၄င်းလုံးချင်းအိမ်ရာအနီးတွင် CB ဘဏ်၊ နှင့် KBZ ဘဏ်တို့ရှိသည်။ ကားမှတ်တိုင် န၀ဒေးတွင် ဆင်းနိုင်ပါသည်။ လှိုင်သာယာ အထွေထွေဆေးရုံ၊ ပန်းလှိုင်ဆေးရုံတို့နှင့်လည်း သိပ်မေ၀းသောနေရာတွင်ရှိပါသည်။ မီးကွက်ဈေး လှိုင်သာယာဈေးတို့နှင့်လည်းနီးသည်။ လုံးချင်းနှစ်ထပ်အိပ်ဖြစ်သည်။ မာစတာအိပ်ခန်းနှစ်ခန်း၊ ရိုးရိုးအိပ်ခန်းသုံးခန်း၊ ဧည့်ခန်းတစ်ခန်း၊ ထမင်းစားခန်းတစ်ခန်း၊ ရေချိုးခန်းအိမ်သာ သုံးခန်း၊ မီးဖိုချောင်တို့ပါသည်။ ပရိဘောဂအချို့ထည့်ပေးထားသည်။ အိမ်အောက်ထပ်တွင် ကျောက်ပြားခင်းထားသည်။ အပေါ်ထပ်တွင် ပါကေးခင်းထားသည်။ အိမ်တည်ရှိရာနေရာ၏ လမ်းအကျယ်သည် ပေ၆၀ရှိသည်။ ၄င်းအိမ်သည် ထောင်ကွက်ဖြစ်သည်။ ခြံထဲတွင် ကားရပ်ရန် နေရာများစွာရှိသည်။ လှိုင်သာယာ ရန်ကုန် ပုသိမ်လမ်းမကြီးပေါ်တွင်ရှိသည်။ အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ အရောင်းအ၀ယ်နှင့်ပတ်သက်သော တရား၀င်စာရွက်စာတမ်းများ စစ်ဆေးနိုင်ရန်ကူညီပေးခြင်း၊ သက်ဆိုင်ရာ အစိုးရရုံးများမှ အချက်အလက်များရရန် ကူညီပေးခြင်းများတို့ကို ဆောင်ရွက်ပေးပါသည်။
လမ်းပန်းဆက်သွယ်ရေး
YBS ၂၀ ၂၂ ၂၃ ၇၉ ကားများကို စီးသွားနိုင်သည်။


 
 




ကိုယ်စားလှယ်/ပိုင်ရှင်သတင်း
ကိုယ်စားလှယ်
Sky Bridge Co., Ltd.
ဖုန်း
01-2303085, 01-2303086
အီးမေးလိပ်စာ
realestate@myanmarsb.com
လိပ်စာ
No.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon


Tips:
When you contact this agent, please say "I just found a property information on Myanmar Housing...". So that the agent can understand easily and your conversation will be smooth.


Caution:
Because there may be some fake entry which is inputted by the agent by making fun, you should check carefully whether the entry is real or not. If any problem related to entries occurs, Myanmar Housing will not take responsibility. So, any problem related to entry should be contact directly to the related agent.


If you see any entry which is strange or look like fake, please call us via 01-2303085.