မြန်မာ ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင် ရောင်းရန် အိမ်ခြံမြေ

Myanmar Housing Myanmar-Housing    





SN: S3401, (ရောင်းရန်)

ဗိုလ်တစ်ထောင်တွင် ရန်ကုန်မြစ်ဗျူးမြင်ရသော အပေါ်ဆုံးလွှာ ရောင်းရန်ရှိသည်။
in ဗိုလ်တစ်ထောင်, ရန်ကုန်မြို့

စျေးနှုန်း
3300 Lakh Ks
(≒143478 US$, 1US$≒2300Ks)
အကျယ်အဝန်း
1286 ft2   (=119.4694 m2)
အမျိုးအစား
ကွန်ဒို
တည်နေရာ
ဗိုလ်တစ်ထောင်, ရန်ကုန်မြို့
အခန်းများ
1 Master bed room   2 Bed room   1 Living room   1 Dining room   2 Wash room   1 Kitchen   

တည်ဆောက်ပုံ
Reinforced concrete ကွန်ကရစ်
အလွှာ/ အထပ်ပေါင်း
12th floor / 12 ထပ်
 
 
တည်ဆောက်သည့်ခုနစ်
Unknown မသိ
 
 
ပြင်ဆင်ထားခြင်း
Good ကောင်း
ပရိဘောဂပါဝင်ခြင်း
Full furnished ပရိဘောဂ အပြည့်အစုံ
လေအေးပေးစက်
4 unit
ဓာတ်လှေကား
Yes ရှိ
တယ်လီဖုန်း
No မရှိ
ကားပါကင်
Yes ရှိ
ဝင်နိုင်သောရက်စွဲ
Immediately ချက်ချင်း
ရှင်းပြချက်
ဗိုလ်ကလေးဈေး၊ ဗိုလ်တစ်ထောင်ဘုရား၊ ဈေး၀ယ်ရန် စီးတီးမတ်၊ ဗိုလ်တစ်ထောင် အိုးရှင်း၊ ဂမုန်းပွင့်တို့သို့ လမ်းလျှောက်သွားနိုင်သည်။ အစိုးရအထက်တန်းကျောင်းများနှင့်လည်းနီးသည်။ ဗိုလ်ချုပ်ဈေး၊ သိမ်ကြီး၊ Junction City တို့သို့လည်း ဆယ့်ငါးမိနစ်ကားစီးလျှင် ရောက်နိုင်သည်။ ပတ်၀န်းကျင်တွင် စားသောက်ဆိုင်များနှင့် ပစ္စည်းအရောင်းဆိုင်များလည်းပေါပါသည်။

တိုက်သစ်ဖြစ်ပြီး ၁၂၈၆ စတုရန်းပေကျယ်သော အပေါ်ဆုံးလွှာဖြစ်သည်။ မာစတာအိပ်ခန်းတစ်ခန်း၊ ရိုးရိုးအိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်းအိမ်သာ နှစ်လုံး၊ မီးဖိုချောင်တို့ပါပြီး အပြင်ဘက်တွင် ကော်ဖီသောက် အနားယူရန်၊ ရှု့ခင်းကြည့်ရန်နေရာသီးသန့်ပါသည်။ ဧည့်ခန်းနှင့် အိပ်ခန်းများထဲတွင် လိုအပ်သောပရိဘောဂ များအပြည့်အစုံထည့်ပေးထားသည်။ မီးဖိုချောင်နှင့် ရေချိုးခန်းတို့တွင်လည်း အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ၊ ထမင်းစားပွဲ၊ အိုးခွက်ပန်းကန်ထည့်ရန် နံရံကပ်ဗီဒိုများထည့်ထားပြီးဖြစ်သည်။ အဆောက်အဦ၏ မြေအောက်ခန်းနှင့် မြေညီထပ်သည် ကားပါကင်များဖြစ်သည်။ ဓာတ်လှေခါးငါးဆင်း၊ ဓာတ်လှေခါးကဒ်စနစ်၊ ဗွီဒီ ယိုအင်တာခေါ၊ ၂၄နာရီလုံခြုံရေး၊ အားကစားခန်းမနှင့် စီစီတီဗွီ ကင်မရားများပါပြီးဖြစ်သည်။ အပေါ်ဆုံးလွှာဖြစ် သောကြောင့်လည်းကောင်း၊ ကမ်းနားလမ်းနှင့်နီးသောကြောင့်လည်းကောင်း ရန်ကုန်မြစ်ဗျူးကို အခန်းထဲမှ မြင်ရသည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ အရောင်းအ၀ယ်နှင့်ပတ်သက်သော တရား၀င်စာရွက်စာတမ်းများ စစ်ဆေးနိုင်ရန်ကူညီပေးခြင်း၊ သက်ဆိုင်ရာ အစိုးရရုံးများမှ အချက်အလက်များရရန် ကူညီပေးခြင်းများတို့ကို ဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေး
YBS ၅၇၊ ၅၈၊ ၅၉ ကားများကို စီးသွားနိုင်သည်။
 
 




ကိုယ်စားလှယ်/ပိုင်ရှင်သတင်း
ကိုယ်စားလှယ်
Sky Bridge Co., Ltd.
ဖုန်း
01-2303085, 01-2303086
အီးမေးလိပ်စာ
realestate@myanmarsb.com
လိပ်စာ
No.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon


Tips:
When you contact this agent, please say "I just found a property information on Myanmar Housing...". So that the agent can understand easily and your conversation will be smooth.


Caution:
Because there may be some fake entry which is inputted by the agent by making fun, you should check carefully whether the entry is real or not. If any problem related to entries occurs, Myanmar Housing will not take responsibility. So, any problem related to entry should be contact directly to the related agent.


If you see any entry which is strange or look like fake, please call us via 01-2303085.