မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

ပြည်တော်သစ်အိမ်ရာ အဆောက်အအုံဖြိုဖျက်ရန် အိတ်ပိတ်တင်ဒါခေါ်ယူ


Myanmar real estate news
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပိုင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်တော်သစ်အိမ်ရာရှိ ခြောက်ခန်းတွဲလေးထပ်အဆောက်အအုံတစ်လုံးကို ဖြိုဖျက်ရှင်းလင်း ရေးအတွက် အိတ်ပိတ်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျက်ရှိကြောင်း ဇူလိုင် ၃၁ ရက်က အဆိုပါဌာနမှ သိရသည်။

လေလံလျှောက်လွှာကို ဇူလိုင် ၃၀ ရက် မှ သြဂုတ် ၁၃ ရက်အထိ ရုံးချိန်အတွင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအမှတ် ၂၂၈/ ၂၃၄ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ်၌ လာရောက်ထုတ်နိုင်ကြသည်။

တင်ဒါတင်သွင်းရမည့်ရက်မှာ သြဂုတ် ၁၄ ရက် ရုံးချိန်အတွင်း တင်သွင်းနိုင်ပြီး အသေးစိတ်အချက်အလက်ကို ဖုန်း- ဝ၁-၃၇၅၀၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။


Ref: Myanmar Times News