မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ဥပဒေများ ထွက်ရှိလာပါက အရောင်းအဝယ်ကောင်းမွန်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာနိုင်


Myanmar real estate news

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ တိုက်ခန်း အရောင်းအဝယ်နှင့် သက်ဆိုင်သည့်ဥပဒေများ ထွက်ရှိလာပါက အရောင်းအဝယ်ပြန်လည် ကောင်းမွန်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များပါဝင် ရောက်လာနိုင်ကြောင်း အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။

ခဲသည့်အဆင့်ရောက်ရှိ

"ဥပဒေရှိပြီဆိုရင်တော့ နိုင်ငံခြားသား လာပြီး ရင်းနှီးမြှုပ်နှံရင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းနိုင်တယ်။ အခုကတော့ အေးစက်နေတဲ့ အဆင့်ထက်ပို၍ ခဲနေတဲ့အဆင့်ကိုရောက်ပြီး တော့ အိမ်ခြံမြေအကျိုးဆောင်တွေလည်း တော်တော်ဒုက္ခရောက်နေတယ်"ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေအထွေ အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောဆို သည်။ အရောင်းအဝယ်အေးစက်နေသည့် အိမ်ခြံမြေ၊ တိုက်ခန်းများ အရောင်းအဝယ် ပြန်လည်ရှိလာနိုင်ရန် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းနှင့် တိုက်ခန်းအိမ်ရာ အဆောက် အအုံ ဆိုင်ရာဥပဒေ (အဆိုပြုမူကြမ်း) တို့ကို ရေးဆွဲလျက်ရှိသည်။

"အိမ်ရှင်၊ အိမ်ငှား၊ တိုက်ခန်းဝယ်သူ ကန်ထရိုက်တာ ဒါတွေအားလုံးကြားမှာဖြစ် နေတဲ့ ပြဿနာတွေဖြေရှင်းဖို့အတွက် ဥပဒေ တစ်ရပ်လိုတယ်။ တိုက်ခန်းဝယ်သူတွေက သိန်း ၁ယဝ၀ဝ နဲ့ သို့မဟုတ် သိန်း ၃၀ဝစသဖြင့် ဘယ်လောက်နဲ့ဝယ်ဝယ် ဝယ်ပြီးသွားရင် သူက အိမ်ငှားပုံစံဖြစ်သွားရော အိမ်လခတွေပေး ရတယ်။ ဒီဥပဒေသာ ထွက်လာရင်တိုက်ခန်း ဝယ်သူအတွက် ပိုင်ဆိုင်ခွင့် မငါ့အ ရသွားတော့ ပေါင်လို့ရောင်းလို့ဘဏ်ချေးငွေတို့ အဲ့ဒါတွေ အားလုံးအတွက် ပိုခိုင်မာသွားမယ်။ အခုက အိမ်ရှင်အိမ်ငှားဥပဒေပဲရှိတာ"ဟု မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း (ြူဃဗ)အထွေထွေအတွင်းရေးမှူးချုပ် ဦးလားဇယ် က ပြောဆိုသည်။

တင်သွင်းရန်စီစဉ်

တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေ(အဆိုပြုမူကြမ်း)ကို သြဂုတ်လအတွင်း ပြည်သူလွှတ်တော် ဥပဒေကြမ်းကော်မတီထံ တင်ပြရန်စီစဉ်နေပြီး အိမ်ခြံမြေဝန်ဆောင်မှုဥပဒေမူကြမ်းကို ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဖြင့် ရှစ်ကြိမ်အထိ ဆွေးနွေးပြီးဖြစ်၍ အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သို့ တင်သွင်းရန် စီစဉ်နေခြင်းဖြစ်သည်။

အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူသူရှားပါး လာခြင်းကြောင့် မြေကွက်ဈေးနှုန်း၊ အိမ်ခြံမြေ အရောင်းဝယ်ဈေးနှုန်းတို့ ကျဆင်းနေသလို အလုပ်ဖြစ်နေသည့် အငှားဈေးနှုန်းများပါ ကျဆင်းနေကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ သိရသည်။

Ref: Myanmar Times News