မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

Eco green city ကို လာမည့်ဖေဖော်ဝါရီတွင် စတင်ရန် မျှော်မှန်း


Myanmar real estate news ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပုဂ္ဂလိကကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့်4 mega project (စီမံကိန်းကြီးလေးခု) အနက် Eco Green City စီမံကိန်းကို လာမည့်ဖေဖော်ဝါရီလတွင် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရန် မျှော်မှန်းထား ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

Eco Green City စီမံကိန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် စီမံကိန်းကြီး လေးခုအနက် လှည်းကူးမြို့နယ်တွင် ဒုတိယတစ်ခုအဖြစ် ဖော်ဆောင်မည့် စီမံကိန်းဖြစ်ပြီး မြေဧရိယာ ၁၄၅၃ ဧက ပေါ်တွင် ဖော်ဆောင်မည့် စီမံကိန်းဖြစ်သည်။ စာချုပ် ချုပ်ဆိုပြီးပါက ကုမ္ပဏီဘက်က လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

အဆိုပါစီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ၁၀ နှစ်ကြာ ဖော်ဆောင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် သုံးစွဲမည်ဖြစ်သည်။ စီမံကိန်းကို အိုးအိမ်ဦးစီးဌာနနှင့် Alliance Star Group of

Company တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေညာထားသည်။

ယင်းစီမံကိန်းတွင် အဓိကအားဖြင့် လူနေအိမ်ရာများကို ဆောက်လုပ်မည်ဖြစ်ပြီး ယင်းနှင့်ဆက်စပ်နေသည့် ကျန်းမာရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ ဟိုတယ်များနှင့် ဂေါက်ကွင်းများကိုလည်း ထည့်သွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းဧရိယာတစ်ခုလုံးကိုခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီး Master Plan ညှိနှိုင်းရေးဆွဲရာတွင် နိုင်ငံတော်ကရရှိမည့် အိမ်ရာများ၏ အသေး စိတ်ပုံစံများ ပြန်လည်ညှိနှိုင်းခြင်း၊ စီမံကိန်းလမ်းအူကြောင်းများ ပြန်လည်သတ်မှတ်ခြင်းနှင့် နိုင်ငံတော်က ရသင့်ရထိုက်သော အကျိုးအမြတ် ခွဲဝေမှုများရရှိအောင် အသေးစိတ်တွက်ချက်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မူဝါဒနှင့် စီမံကိန်းဌာန ဒုတိယညွှန်ကြားရေးမ·းချုပ် ဒေါ်မီမီတင်က ဆိုသည်။

Eco Green City စီမံကိန်းမြေဧရိယာ ၁၄၅၃ ဧကအနက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ ရေမြောင်း၊ လျှပ်စစ်နှင့် ကျောင်း စသည်တို့အတွက် မြေဧရိယာ ၄၄၇ ဧကခန့်ကို အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသော မြေဧရိယာ ၁ဝ၀၆ ဧကခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း အချိုးကျခွဲဝေရယူမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်လင်းက ဆိုသည်။

"ဝန်ကြီးဌာနကရရှိတဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့မြေဧက ၂၀ဝ ပေါ်မှာ တန်ဖိုးနည်းအိမ်ရာ ယူနစ် ၄ဝ၀ဝ ခန့် (သို့) ၎င်းနဲ့ညီမျှတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တဲ့ အဆင့်မြင့်အိမ်ရာယူနစ် ၃ဝ၀ဝ ခန့်ကို ကုမ္ပဏီက ဆောက်လုပ်လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်"ဟု ဦးကျော်လင်းက ဆိုသည်။

ကုမ္ပဏီကရရှိသော မြေဧရိယာ ၈၀၅ ဧကပေါ်တွင် စီမံကိန်းလုပ်ငန်းများအတွက် အပိုင်းသုံးပိုင်းခွဲခြား၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အဆိုပါစီမံကိန်းလုပ်ငန်း၏ အကျိုးအမြတ် ငါးရာခိုင်နှုန်းကိုCSR လုပ်ငန်းများအတွက် သတ်မှတ်သုံးစွဲရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

ယခုစီမံကိန်း အကောင်အထည်ဖော်စဉ် ကာလအတွင်း ဒေသခံပြည်သူများအတွက် ယာယီအလုပ်အကိုင်အခွင့်အလမ်း ၅၀çဝ၀ဝခန့်နှင့် စီမံကိန်းပြီးစီးပါက အမြဲတမ်း အလုပ်အကိုင်အခွင့်အလမ်း ၁၅çဝ၀ဝ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ စီမံကိန်းမြေနေရာကို လက်ရှိကာလပေါက်ဈေးဖြင့် တွက်ချက်မည် ဆိုပါက တည်ဆောက်ရေးဧရိယာအတွက် ကျပ် ၂၀ ဒသမ ၁၂ ဘီလျံခန့် ရရှိမည်ဖြစ်သည်ဟုဆိုသည်။

ယခုကဲ့သို့ အကျိုးတူစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်က ကျပ် ၆၂ ဒသမ ၈၅ ဘီလျံခန့် ရရှိမည်ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးအားဖြင့် ကျပ် ၄၂ ဒသမ ၇၃ ဘီလျံခန့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်းလည်း ဦးကျော်လင်းက ပြောသည်။

ယင်းပြင် ယခုပရောဂျက်၏ တည်နေရာသည်KMIC (Korea Myanmar Industrial Complex) စီမံကိန်းနှင့် အနီးကပ်တည်ရှိနေသောကြောင့်KMIC က ဝန်ထမ်းများ (အဆင့်မျိုးစုံ) လာရောက်နေထိုင်ရန် အဆင်ပြေသော အခန်းများ ဆောက်လုပ်ပေးရန် ထပ်မံထည့်သွင်းထားကြောင်း ဒေါ်မီမီတင်ကဆိုသည်။ အဆိုပါ ဝန်ထမ်းများနေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ခြင်းသည် မူလအစီအစဉ်တွင် မပါဝင်သေးဘဲ အသစ်ထပ်မံထည့်သွင်းခဲ့သော အချက်ဖြစ်သည်။

4 Mega Project ၏ ဒုတိယစီမံကိန်းဖြစ်သည့် KMIC (Korea Myanmar Industrial Complex) စီမံကိန်းကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိမြေဧက ၅၅၅ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကာKorea Land and

Housing Corporation (LH) က ၆၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံကိုယ်စား အိုးအိမ်ဦးစီးဌာနက ၄၀ ရာခိုင်နှုန်း အချိုးကျရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

စီမံကိန်းကို ယခုနှစ်မှစ၍ ငါးနှစ်ကြာဖော်ဆောင်မည်ဖြစ်ပြီး ကန်ဒေါ်လာ သန်း၁၁၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ လက်ရှိတွင် လုပ်ငန်းလုပ်ဆောင်ရန်အတွက်f Korea Excel

Bankထံမှ ချေးငွေရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က သိရသည်။

New Mandalay Resort City စီမံကိန်းကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ စုစုပေါင်းမြေ ၉၈၉၃ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

နောက်ဆုံးစီမံကိန်းဖြစ်သည့်Smart

District Project စီမံကိန်းကို ရွှေတောင်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည် ဖြစ်ကာ စုစုပေါင်းမြေဧရိယာ ၁၁၀ဝ ဧကပေါ်တွင်

တွင် ရင်းနှီးမြှုပ်နှံငွေ ကျပ် ဘီလျံ ၂၅၀ ဖြင့် ဖော်ဆောင်မည်ဖြစ်သည်။



Ref: Myanmar Times News