မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

စင်ကာပူတွင်နေထိုင်သော မြန်မာများအတွက် အမေရိကန်ဒေါ်လာ၆သန်းဖိုးခန့် အခန်းများ ရောင်းချခဲ့ခြင်း။


Myanmar real estate news ရန်ကုန်မှာရှိတဲ့ အိမ်ခြံမြေများကို နှစ်ရက်တာ အရောင်းပြပွဲ အချိန်တွင်းမှာ အမေရိကန်ဒေါ်လာ ၆သန်းဖိုး ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှု ဝက်ဆိုက်ဖြစ်တဲ့ iMyanmarHouse.com မှ ကြီးမှူးပြီး ၂၀၁၅ခုနှစ်မှစပြီး စင်ကာပူနိုင်ငံတွင် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် အရောင်းပြပွဲ ကျင်းပခဲ့သည်ဟု မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ပြောသည်။ ကုမ္ပဏီတစ်ခုချင်းစီမှလည်း လစဉ်အရောင်းပြပွဲ ပြုလုပ်ပေးလျက်ရှိသည်။

Golden City ၊ Kanbae Towers၊ River Front Garden၊ The leaf Residence၊ SMT Construction ၊ Royal Theikdi Condominium၊ The Grand Hill Garden Residence၊ Ayar Chantha Executive Condominium၊ Grand Wireless Condominium၊ Shwe Myanmar Mya Mini Condo၊ Real Home Residence ESifh iGreen ဆောက်လုပ်ရေးကုမ္ပဏီများပါဝင်၍ တန်ဘိုး သိန်း၂ဝဝနှင့် သိန်း၅ဝဝကြား တန်ဖိုးရှိသော တိုက်ခန်းများ၊ ကွန်ဒိုနှင့် လုံးချင်းများကို ရောင်းချခဲ့သည်။

“အရောင်းပြပွဲတိုင်းမှာ ကျေနပ်ဖွယ်ရာအဆင့်တစ်ခုအထိ ရောင်းချနိုင်ခဲ့ပါတယ်။ မြန်မာက ဆောက်လုပ်ရေး ကုမ္ပဏီတွေက စင်ကာပူမှာ တိုက်ရိုက်ရောင်းချနိုင်သလို ဝယ်ယူသူတွေကလည်း နိုင်ငံရပ်ခြားမှာနေထို်င်ရင်းနဲ့ အဆင်ပြေပြေ ဝယ်ယူ ရင်းနှီးမြှုပ်နှံနိုင်ကြတယ်’’လို့ ၄င်းက ဆိုပါတယ်။



Ref: Myanmar Times