ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့ ပုသိမ်မြို့
မုံရွာမြို့ မိတ္ထီလာမြို့ စစ်တွေမြို့ မကွေးမြို့ တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့
ငှားရန် အိမ်ခြံမြေ



   


ရန်ကင်း မြန်မာပလာဇာနားတွင် ပစ္စည်းအပြည့်စုံနှင့် ဇိမ်ခံကွန်ဒိုခန်း ငှားရန်ရှိသည်။

SN: R4426
စျေးနှုန်း 37 သိန်းကျပ် / တစ်လ      (≒1608 US$, 1US$≒2300Ks)
အကျယ်အဝန်း 1168 ft2     (=108.5072 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့, Yankin ရန်ကင်း
အခန်းပေါင်း 1 Master bed room   1 Bed room   2 Living room   2 Dining room   2 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း5th floor / 20 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Luxurious အလွန်ကောင်း
ပရိဘောဂFull furnished ပရိဘောဂ အပြည့်အစုံ လေအေးပေးစက်3 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ဝင်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်မြန်မာပလာဇာနှင့် ဆီဒိုနားဟော်တယ် တို့ကို တယ်မိနစ်လမ်းလျှောက်ရုံနှင့်ရောက်နိင်ပြီး အပန်းဖြေရန် လေ့ကျင့်ခန်းလုပ်ရန် အင်းယားကန်ကို ဆယ်မိနစ်လမ်းလျှောက်ရုံနှင့် ရောက်နိုင်သည်။ တိုက်ရဲ့နောက်ဘက်တွင် ရန်ကင်းဈေးရှိသည်။ မျက်နှာချင်းဆိုင်တွင် ရွေှအုံးပင်အိမ်ရာရှိသည်။ ရန်ကင်းကလေးဆေးရုံ၊ ရန်ကင်း စင်တာ၊ Golden City တို့ကို ငါးမိနစ်လမ်းလျောက်ရုံနှင့် ရောက်နိုင်သည်။ အင်တာနေရှင်နယ်ကျောင်းသို့ မိနစ်အနည်းငယ် ကားမောင်းသွားရုံနှင့် ရောက်နိုင်သည်။ သွားရေးလာရေး အစဉ်ပြေပြီး နိုင်ငံခြားသားများ နေထိုင်ရန် သင့်တော်သော အခန်းဖြစ်သည်။



စုစုပေါင်းအခန်းအကျယ်သည် ၁၁၆၈ စတုရန်းပေကျယ်ပြီး ဧည့့်ခန်း၊ မာစတာအိပ်ခန်းတစ်ခန်း၊ ရိုးရိုးအိပ်ခန်းတစ်ခန်၊ ထမင်းစားခန်းနေရာ၊ အိမ်သာရေချိုးခန်းနှစ်ခန်း၊ မီးဖိုချောင်တို့ပါသည်။ ဧည့်ခန်းထဲတွင် ဧည့်ခန်းနှင့်ပတ်သက်သော ပရိဘောဂအပြည့်အစုံထည့်ထားပြီး မာစတာအိပ်ခန်းတွင် နှစ်ယောက်အိပ်ကုတင်၊ မွေ့ယာ၊ တီဗွီ၊ လိုက်ကာ၊ အဲယားကွန်း၊ ဗီဒိုတို့ အပြည့်အစုံပါသည်။ ရိုးရိုးအိပ်ခန်းထဲတွင်လည်း တစ်ယောက်အိပ်ကုတင်၊ မွေ့ယာ၊ အဲယားကွန်း၊ လိုက်ကာ၊ ဗီဒိုတို့ပါပြီးဖြစ်သည်။ ထိုအတူ မီဖိုချောင်၊ ထမင်းစားခန်းတို့တွင်လည်း လိုအပ်သော ပရိဘောဂများ အပြည့်အစုံထည့်ထားသည်။ ဧည့်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ ရေချိုးခန်းအိမ်သာတို့ကို ကြေွပြားခင်း ကြေွပြားကပ်ထားပြီး၊ အိပ်ခန်းများကို ပါကေးခင်းထားသည်။ တစ်ခန်းလုံးကို အသင့်နေထိုင်နိုင်ရန် အဆင့်မြင့်ပြင်ဆင်ထားသည်။ လိုအပ်သော ပရိဘောဂများရှိပါက ပိုင်ရှင်နှင့် ညှိ၍ထပ်ထည့်ပေးနိုင်သည်။ အားကစားခန်းမ၊ ရေကူးကန်၊ ၂၄နာရီလုံခြုံရေး၊ တစ်ပတ်နှစ်ကြိမ် သန့်ရှင်းရေး၊ အင်တာနက်၊ ဓာတ်လှေခန်းနှင့် အခန်းတွင်းအတွက် မီးစက်တို့ပါပြီးဖြစ်သည်။ လစဉ်ကြေးများ အိမ်ငှားခထဲတွင်ပါပြီးဖြစ်သောကြောင့် အိမ်ငှားရမ်းခမှလွဲ၍ မည့်သည့်ကြေးမှ ထပ်ပေးစရာမလိုတော့ပါ။ မြေညီထပ်တွင်လည်း ဧရာ၀တိီ ဘဏ်ရှိသည်။ တိုက်သစ်ဖြစ်ပြီး အားလုံးအဆင်မြင့်ပြင်ဆင်ပြီး အလုံးစုံပါပြီးဖြစ်သောကြောင့် နေထိုင်ရန်သင့်တော်သော အခန်းတစ်ခန်း ဖြစ်သည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၁၄၊ ၃၀ ကားများကို စီးသွားနိုင်သည်။
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4426 - ရန်ကင်း မြန်မာပလာဇာနားတွင် ပစ္စည်းအပြည့်စုံနှင့် ဇိမ်ခံကွန်ဒိုခန်း ငှားရန်ရှိသည်။ living room
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4426 - ရန်ကင်း မြန်မာပလာဇာနားတွင် ပစ္စည်းအပြည့်စုံနှင့် ဇိမ်ခံကွန်ဒိုခန်း ငှားရန်ရှိသည်။ master bedroom
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4426 - ရန်ကင်း မြန်မာပလာဇာနားတွင် ပစ္စည်းအပြည့်စုံနှင့် ဇိမ်ခံကွန်ဒိုခန်း ငှားရန်ရှိသည်။ single bedroom
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4426 - ရန်ကင်း မြန်မာပလာဇာနားတွင် ပစ္စည်းအပြည့်စုံနှင့် ဇိမ်ခံကွန်ဒိုခန်း ငှားရန်ရှိသည်။ kitchen
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4426 - ရန်ကင်း မြန်မာပလာဇာနားတွင် ပစ္စည်းအပြည့်စုံနှင့် ဇိမ်ခံကွန်ဒိုခန်း ငှားရန်ရှိသည်။ bathroom 1
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4426 - ရန်ကင်း မြန်မာပလာဇာနားတွင် ပစ္စည်းအပြည့်စုံနှင့် ဇိမ်ခံကွန်ဒိုခန်း ငှားရန်ရှိသည်။ bathroom 2






အကျိုးဆောင် / ပိုင်ရှင် သတင်းအချက်အလက်

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.