ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့ ပုသိမ်မြို့
မုံရွာမြို့ မိတ္ထီလာမြို့ စစ်တွေမြို့ မကွေးမြို့ တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့
ငှားရန် အိမ်ခြံမြေ



   


ကမာရွတ် လှည်းတန်းလမ်းဆုံအနီးတွင် ကွန်ဒိုခန်းသစ် ငှားရန်ရှိသည်။

SN: R4598
စျေးနှုန်း 17 သိန်းကျပ် / တစ်လ      (≒739 US$, 1US$≒2300Ks)
အကျယ်အဝန်း 2100 ft2     (=195.09 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့, Kamaryut ကမာရွတ်
အခန်းပေါင်း 2 Master bed room   1 Bed room   1 Living room   1 Dining room   4 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း4th floor / 8 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂNo မရှိ လေအေးပေးစက်5 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ဝင်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်ကမာရွတ်မြို့နယ် လှည်းတန်းအနီး တွင် တည်ရှိသည်။ ပြည်လမ်းမကြီးနှင့် နီးပြီး တိတ်ဆိတ်ငြိမ်သက်သည့် နေရာဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ အင်းယားကန်၊ လှည်းတန်းလမ်းဆုံ၊ ဆေးတက္ကသိုလ်(၁)၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း၊ MRTV ရုံး၊ နိုဗိုတယ်ဟော်တယ်၊ AGD Bank တို့နှင့်နီးသည်။

ကျန်းမာရေးလိုက်စားသူများအတွက် အင်းယားကန်နှင့် နီးသောကြောင့် လမ်းလျောက်ထွက်ခြင်း၊ စက်ဘီးစီးခြင်း၊ လေကောင်းလေသန့်ရှူခြင်းများ ပြုလုပ်နိုင်သည်။

ယခုအသစ်တည်ဆောက်ထားသည့် ရုံးခန်း၊ ကြယ်ငါးပွင့် အဆင့်ရှိသည့် ဟော်တယ်၊ ကျောက်မျက်ရတနာ ဈေးဝယ်စင်တာ၊ ကားဟောင်းရောင်းဝယ်ရေးစင်တာနှင့် တခြားဆိုင်ခန်းပေါင်းများစွာ တစ်စုတဝေးထဲရှိသည့် Time City သို့ လမ်းလျောက်သွားပါက 8မိနစ်ခန့်ပဲဝေးသည်။

ဈေးဝယ်ရန်အတွက် လှည်းတန်းစင်တာ၊ စိန်ဂေဟာ၊ Junction Square နှင့် ဂမုန်းပွင့် တို့သို့ သွားနိုင်သည်။ အနီးဆုံးဖြစ်သည့် Junction Square သို့ လမ်းလျောက်သွားပါက 2မိနစ်ဖြင့် ရောက်သည်။ စားသောက်ဆိုင်များအနေဖြင့် နာမည်ကြီး၊ လူကြိုက်မျာသည့် ဆိုင်များဖြစ်သည့် ရွေှပလ္လင်၊ KFC၊ Fuji Japanese ၊ ရွေှကောင်းဟော့ပေါ့ အစရှိသည့် ဆိုင်များနှင့် နီးသည်။ မြို့ထဲသို့ 20မိနစ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ 30မိနစ်ခန့် မောင်းရုံဖြင့် ရောက်သည်။ သွားလာရလွယ်ကူ၍ အချက်အချာကျသည့် နေရာဖြစ်သည်။

၂၁၀၀ စတုရန်းပေ ရှိ၍ Master Bed room 2ခန်း၊ ရိုးရိုးအိပ်ခန်း 1ခန်း ၊ Maid room 1ခန်းနှင့် အိပ်သာ ရေချိုးခန်း ၄ခန်း ပါဝင်ပါသည်။ တစ်အိမ်လုံးကြေွပြားများခင်းပေးထားသည်။ ပြတင်းပေါက်တိုင်းကို လိုက်ကာများတပ်ပေးထားသည်။ အခန်းတိုင်းအဲကွန်းပါသည်။ စုစုပေါင်း အဲကွန်း ၅လုံးဖြစ်သည်။ ပရိဘောဂများလိုချင်လျှင် ပိုင်ရှင်နှင့် ဈေးညှိ၍ ထည့်ပေးနိုင်သည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၁၊ ၃၅၊ ၃၇၊ ၇၈ ကားများကို စီးသွားနိုင်သည်။
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4598 - ကမာရွတ် လှည်းတန်းလမ်းဆုံအနီးတွင် ကွန်ဒိုခန်းသစ် ငှားရန်ရှိသည်။living room view
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4598 - ကမာရွတ် လှည်းတန်းလမ်းဆုံအနီးတွင် ကွန်ဒိုခန်းသစ် ငှားရန်ရှိသည်။another view of livng room
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4598 - ကမာရွတ် လှည်းတန်းလမ်းဆုံအနီးတွင် ကွန်ဒိုခန်းသစ် ငှားရန်ရှိသည်။bedroom 1
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4598 - ကမာရွတ် လှည်းတန်းလမ်းဆုံအနီးတွင် ကွန်ဒိုခန်းသစ် ငှားရန်ရှိသည်။bedroom 2
  • မြန်မာအိမ်ခြံမြေ - ငှားရန် property - No.4598 - ကမာရွတ် လှည်းတန်းလမ်းဆုံအနီးတွင် ကွန်ဒိုခန်းသစ် ငှားရန်ရှိသည်။kitchen view






အကျိုးဆောင် / ပိုင်ရှင် သတင်းအချက်အလက်

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.