ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ငှားရန် အိမ်ခြံမြေ



   

◆Pay rent by International Bank Transfer OK
◆Free Legal Advice & Contract Negotiation

လမင်း Luxury Condo တွင် ပြင်ဆင်ပြီး အခန်းတစ်ခန်း ငှားရန်ရှိသည်။

SN: R4788  
ဈေးနှုန်း
(≧1 year rent)
30 Lakh Ks ကျပ်သိန်း / per month      (≒1304 US$, 1US$≒2300Ks)
အကျယ်အ၀န်း 2300 ft2     (=213.67 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့ , Hlaing လှိုင်
အခန်းပေါင်း 3 Master bed room   1 Living room   1 Dining room   4 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း2nd floor / 10 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Luxurious အလွန်ကောင်း
ပရိဘောဂFull furnished ပရိဘောဂ အပြည့်အစုံ လေအေးပေးစက်5 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်လှိုင်မြို့နယ် ကန်လမ်းထဲမှ ကိုယ်ပိုင်လမ်းလေးနှင့်ဝင်ရသည်။ တိတ်ဆိတ်ငြိမ်သက်၍ အေးချမ်းလှသည့် နေရာတွင် ရှိသည်။ ဆင်ဖြူတော်ဟော်တယ်၊ အစ္စရေးသံရုံး၊ Htoo group၊ ဆွစ်ဇာလန်သံရုံး၊ International Business Center (IBC), အင်းယားဗျူးကွန်ဒို၊ Lotte Hotel ၊ တို့နှင့်နီးသည်။ ဈေးဝယ်ရန်အတွက် စံရိပ်ငြိမ် ဂမုန်းပွင့်၊လှည်းတန်း စိန်ဂေဟာ၊ လှည်းတန်းcity mark ၊ 6မိုင်ခွဲ market place သို့ 4မိနစ်ဝန်းကျင် ကားစီး သွားရုံဖြင့် ဟင်းသီးဟင်းရွက်၊ သားငါးနှင့် မိမိစိတ်ကြိုက် ပစ္စည်းများ ဝယ်ယူနိုင်ပါသည်။ အင်းယားကန်းနှင့်နီး၍ လမ်းလျောက်၍သော်လည်းကောင်း၊ စီးဘီးစက်၍သော်လည်းကောင်း လေကောင်းလေသန့်ရှုနိုင်သည်။ အရေးပေါ်ကျန်းမာရေးအနေဖြင့် ကန်သာယာဆေးရုံ၊ မိုးမေတ္တာဆေးရုံ၊ သုခကမ္ဘာဆေးရုံ တို့နှင့်နီးသည်။ ကျောင်းများအနေဖြင့် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ ICEC ကိုယ်ပိုင်အထက်တန်းကျောင်း၊ PISM ကျောင်းတို့ နှင့် နီးသည်။ လှည်းတန်းတွင်လည်း သင်တန်းပေါင်းဆုံတက်နိုင်သည်။ YBS စီးသည့်အခါ ပြည်လမ်းမပေါ်ရှိ တံတားဖြူမှတ်တိုင်မှာ ဆင်း၍ သော်လည်းကောင်း၊ ရန်ကုန်အင်းစိန်လမ်းမပေါ်ရှိ ဘူတာရုံလမ်း မှတ်တိုင်တွင် ဆင်း၍သော်လည်းကောင်း လမ်းလျောက်ရုံဖြင့်ရောက်သည်။

2000 Sqft ရှိ၍ Master Bed – 3ခန်းနှင့် Maid room တစ်ခန်း ပါသည်။

ဧည့်ခန်း - ကြွေပြားခင်း၊ သဘာဝအလင်းရောင်နှင့် လေကောင်းလေသန့် ရစေရန် ပြတင်းပေါက်ကြီးများ၊ ပြတင်းပေါက်တိုင်းတွင်လိုက်ကာများ၊ ဆိုဖာစက်တီနှင့် စားပွဲ၊ တီဗီနှင့် တီဗီတင်စင်၊ အလှမီးဆိုင်းများ၊ အဲကွန်း

ထမင်းစားခန်း - ကြွေပြားခင်း၊ လက်ဆေးရန်ဘေစင်၊ ၆ယောက်ထိုင် ထမင်းစားပွဲနှင့် ထိုင်ခုံများ၊ အိုးခွက်ပန်းကန်များ သိမ်းဆည်းရန် နံရံကပ်ဗီဒို၊ နံရံကပ်စင်၊ အလှမီးဆိုင်းများ၊ အဲကွန်း၊ နောက်ဆုံးပေါ် အဆင့်မြင့်ရေခဲသေတ္တာကြီး။

အိပ်ခန်းများ - ပါကေးခင်း၊ ကုတင်နှင့်မွေ့ယာများ၊ အဲကွန်းများ၊ အဝတ်ဗီဒိုများ၊ မှန်တင်ခုံနှင့်ထိုင်ခုံ၊ ပြတင်းပေါက်တိုင်းတွင်လိုက်ကာများ

မီးဖိုချောင် - ကြွေခင်း၊ အိုးခွက်ပန်းကန်များသိမ်းဆည်းရန် အပေါ်၊ အောက် နံရံကပ်ဗီဒိုများ၊ ညှော်စုပ်စက်၊ Oven၊ လျှပ်စစ်နှင့် ဂတ်စ်မီးဖို၊ ဘားကောင်တာနှင့်ထိုင်ခုံ၊ ပန်းကန်များဆေးရန် ဘေစင်။

အိမ်သာ၊ ရေချိုးခန်းများ - ကြွေခင်းကပ်၊ shower၊ မျက်နှာသစ်ရန် ဘေစင်၊ ရေချိုးသည့်ရေများ အပြင်သို့ မထွက်ရန် မှန်ကာ၊ ဘိုထိုင်အိမ်သာ၊ ရေပူရေအေး၊

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၁၊ ၃၅၊ ၃၇၊ ၃၉၊ ၆၅၊ ၇၈၊ ၉၀ ကားများကို စီးသွားနိုင်သည်။

Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.