ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ငှားရန် အိမ်ခြံမြေ



   

◆Pay rent by International Bank Transfer OK
◆Free Legal Advice & Contract Negotiation

အလုံတွင် ထပ်ခိုးအပြည့်ပါသော မြေညီထပ် ငှားရန်ရှိသည်။

SN: R4805  
ဈေးနှုန်း
(≧1 year rent)
6.5 Lakh Ks ကျပ်သိန်း / per month      (≒282 US$, 1US$≒2300Ks)
အကျယ်အ၀န်း 650 ft2     (=60.385 m2)
အမျိုးအစားတိုက်ခန်း တည်နေရာရန်ကုန်မြို့ , Ahlone အလုံ
အခန်းပေါင်း 3 Bed room   1 Living room   1 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်းGrd floor / 6 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Normal ပုံမှန်
ပရိဘောဂNo မရှိ လေအေးပေးစက်4 unit(s)
ဓာတ်လှေကားNo မရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်ဤတိုက်ခန်းလေးသည် အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းမအနီးတွင် ရှိပါသည်။ အကယ်ဒမီဆေးရုံ၊ ဆင်မင်းဈေးမှတ်တိုင်၊ ကရင်ခြံ၊ ဆင်မင်ဈေး၊ ဆင်မင်းကွန်ဒို၊ ကြယ်တံခွန်မူကြို၊ Kingလ္ဘက်ရည်ဆိုင်၊ ရွှေကောင်းကြွယ်လ္ဘက်ရည်ဆိုင် ကွင်းကျောင်းစာသင်တိုက်၊ အထက ၂၊ အထက ၁အစိုးရ စာသင်ကျောင်းများ၊ မင်္ဂလာဆင်မင်းအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ အလုံဘောလုံးကွင်း၊ အလုံတာဝါနှင့် River Viewအိမ်ရာ တို့ကိုလည်း ၅မိနစ်လမ်းလျှောက်လျင် ရောက်ပါသည်။ ရဲစခန်း၊ အလုံခန်းမ၊ မီးသတ်စခန်း၊ အလုံမြို့နယ်စည်ပင်ရုံး၊ အလုံဈေး၊ ဆက်သွယ်ရေး၊ ဧရာဝတီဘဏ်၊ ဟော့ပေါ့ဆိုင်၊ ဟော်တည်များ စသည်တို့ကိုလည်း ၁၀မိနစ် လမ်းလျှောက်လျှင်

မြေညီထပ်အောက်ထပ်တွင် ကြွေပြားများခင်းကပ်ပေထားပြီး အိပ်ခန်းတစ်ခန်း၊ လေအေးပေးစက်တစ်လုံး၊ မျက်နှာချက်တွင် ကျွန်းသစ်များနှင့် အလှဆင်ပေးထားပါသည်။ မီးဖိုခန်းတွင် မီးဖိုခုံ၊ ဘေစင်၊ ရေချိုးခန်းထဲတွင် ရေပူရေအေးစက်တစ်လုံးနှင့် အိမ်သာတို့ကိုလည်း ကြွေပြားများ ခင်းကပ်ပေးထားပါသည်။ ပထမထပ်တွင် လျှာထိုးခင်းပေးထားပြီး အိမ်ခန်းသုံးခန်း ဖွဲ့ပေးထားပါသည်။ အိပ်ခန်းတွေထဲတွင်လည်း လေအေးပေးစက်တစ်လုံးစီ တပ်ဆင်ပေးထားပါသည်။ လမ်းထောင့်ဖြစ်သည့်အပြင် လမ်းမပေါ်တွင်ရှိသည့်အတွက် လူနေ ဆိုင်ခန်း ရုံးခန်းဖွင့်ရန် အရမ်းကောင်းပါသည်။ ဆိုင်ဖွင့်ချင်သူများအတွက်လည်း မြေညီထပ်တွင်ရှိသော အိပ်ခန်းတစ်ခန်းကိုလည်း ပိုင်ရှင်က ဖျက်ပေးပါမည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၂၊ ၃၀၊ ၅၉၊ ၉၄ ကားများကို စီးးသွားနိုင်သည်။

Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.