ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ငှားရန် အိမ်ခြံမြေ



   

◆Pay rent by International Bank Transfer OK
◆Free Legal Advice & Contract Negotiation

စမ်းချောင်း၊ Sanchaung Garden Residence တွင် ခေတ်မှီကွန်ဒိုခန်း တစ်ခန်းငှားရန်ရှိသည်။

SN: R4495  
ဈေးနှုန်း
(≧1 year rent)
37 Lakh Ks ကျပ်သိန်း / per month      (≒2466 US$, 1US$≒1500Ks)
အကျယ်အ၀န်း 1300 ft2     (=120.77 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့ , Sanchaung စမ်းချောင်း
အခန်းပေါင်း 1 Master bed room   2 Bed room   1 Living room   1 Dining room   2 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း*** floor / 15 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Luxurious အလွန်ကောင်း
ပရိဘောဂFull furnished ပရိဘောဂ အပြည့်အစုံ လေအေးပေးစက်4 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်Sanchaung Garden Residence သည် ရန်ကုန်မြို့၏ စည်ကားသောမြို့နယ်တစ်ခုဖြစ်သည့် စမ်းချောင်းမြို့နယ်ထဲတွင်ပါဝင်သည်။ ဗုဒ္ဓဘာသာဝင်တို့ ၏ အထွဋ်အမြတ်ထားရန် ရွှေတိဂုံဘုရားသို့ မိနစ်30ခန့် လမ်းလျောက်၍သော်လည်းကောင်း 12မိနစ်ခန့် ကားစီး၍သော်လည်းကောင်း သွားလာနိုင်သည်။ အပန်းဖြေရန်အတွက် ကစားစရာပစ္စည်းအစုံအလင်ရှိသည့် ပြည်သူ့ဥယျာဉ် သို့ 10မိနစ်ခန့်လမ်းလျောက်ရုံဖြင့်ရောက်သည်။ စမ်းချောင်းမြို့နယ်သည် အစားအစာအပေါ်များဆုံးမြို့နယ် ဖြစ်သည့်အလျောက် အနီးပတ်ဝန်းကျင်တွင် The Pizza Company, KFC, J’Donuts, ကဲ့သို့ နံမည်ကြီးစားသောက်ဆိုင်များအပြင် ဆူရှီဆိုင်များ၊ ဟော့ပေါ့ဆိုင်များ လည်းရှိသည်။ မြို့ထဲသို့ 10မိနစ်ခန့် ကားစီး၍ ရောက်နိုင်သလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ 25မိနစ်ခန့် ကားမောင်းရုံဖြင့်ရောက်သည်။ ဘတ်စ်ကားစီးများသူများအတွက် မြေနီကုန်းမှတ်တိုင်တွင်ဆင်း၍ လမ်းလျောက်နိုင်သလို၊ Taxi စီးမည့်သူများအတွက် ကားငှားရလွယ်ကူသည့်နေရာဖြစ်သည်။ ဈေးဝယ်ရန် City Mark, Dagon Center I, Dagon Center II, ဂမုန်းပွင့်တို့နှင့်နီးသည့်အတွက် အသားငါး၊ ဟင်းသီးဟင်းရွက်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများနှင့် လိုချင်တာမှန်သမျှ လွယ်ကူစွာဝယ်ယူနိုင်သည်။

ဤအခန်းသည် လေ၀င်လေထွက်ကောင်းပြီး လှပသပ်ရပ်သော အခန်းတစ်ခန်းဖြစ်သည်။ အခန်းမှ ရွှေတိဂုံစေ တီဘုရားကို ဖူးမြင်နိုင်သည်။ တစ်တိုက်လုံးတွင် ဤအခန်းကဲ့သို့ အခန်းဖွဲ့စည်းပုံ အလွန်ရှားသည်။ အလွှာမြင့်ဖြစ်ပြီး အလွန်ဆွဲဆောင်မှုရှိသော အခန်းဖြစ်သည်။ စတုရန်းပေ ၁၃၀၀ ကျယ်ဝန်းပြီး မာစတာအိပ်ခန်း တစ်ခန်း၊ ရိုးရိုးအိပ်ခန်းနှစ်ခန်း၊ ပရိဘောဂအပြည့်အစုံနှင့် ၅၅ လက်မတီဗွီထည့်ပေးထားသော ဧည့်ခန်းကျယ်၊ ပစ္စည့်များ အပြည့်အစုံပါသော မီးဖိုချောင်တို့ပါသည်။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ ရေပူရေအေးစက်၊ ဆိုက်ကြီး နှစ်ယောက်အိပ်ကုတင်၊ အ၀တ်ဗွီဒိုများ၊ အ၀တ်လဲခန်း၊ ဖိနပ်ဗီဒို၊ အ၀တ်ခြင်းများ၊ ရုံးသုံးစားပွဲနှင့် ထိုင်ခုံ၊ ရေချိုးခန်း ရေပူရေအေးများ၊ ရေချိုးဇလားတို့ ထည့်ပေးထားသည်။ ကျယ်ဝန်းပြီး ခေတ်မှီသော ဧည့်ခန်းပါပြီး ပါကေးခင်းထားသည်။ မျက်နှာကြက်ကို ဆေးအဖြူသုတ်ထားသည်။ ထမင်းစားခန်းကို မီးဖိုချောင်နှင့်တွဲထားပြီး ပန်းကန်များထည့်ရန် အံဆွဲပါသော ဗီဒိုများလည်းပါသည်။ ကျယ်ဝန်ပြီး ပစ္စည်းအပြည့် အစုံပါသော ရေချိုးခန်းအိမ်သာ နှစ်လုံးပါပြီး တစ်လုံးမှာ မာစတာအိပ်ခန်းတွင်ရှိပြီး တစ်လုံးမှာ အများသုံးရန် ဖြစ်သည်။ ရေကူးကန်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ ကားပါကင်၊ မီးစက်၊ ဓာတ်လှေခါး၊ ၂၄နာရီ လုံခြုံရေး၊ စီစီတီဗွီ ကင်မရာတို့ အဆောက်အဦတွင် ပါသည်။ လေ၀င်လေထွက်ကောင်းသော လျှောက်လမ်းပါရှိပြီး အခန်းတွင် သဘာဝအလင်းရောင်၊ လေ၀င်လေထွက်တို့ကောင်းသည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၁၊ ၃၅၊ ၃၇၊ ၃၉၊ ၇၈ ကားများကို စီးသွားနိုင်သည်။


Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

ဖုန်း01-2303085, 01-2303086 Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.