ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ငှားရန် အိမ်ခြံမြေ



   

◆Pay rent by International Bank Transfer OK
◆Free Legal Advice & Contract Negotiation

ရန်ကင်းတွင် လူနေရန် သို့မဟုတ် ရုံးခန်းဖွင့်ရန် သို့မဟုတ် လူနေရုံးခန်းဖွင့်ရန်ကောင်းသော ဓာတ်လှေခါးပါ သုံးထပ်ခွဲတိုက် ငှားရန်ရှိသည်။

SN: R4512  
ဈေးနှုန်း
(≧1 year rent)
40 Lakh Ks ကျပ်သိန်း / per month      (≒2666 US$, 1US$≒1500Ks)
အကျယ်အ၀န်း floor space: 7560 ft2     (=702.324 m2)
land space: 3240 ft2     (=300.996 m2)
အမျိုးအစားလုံးချင်း တည်နေရာရန်ကုန်မြို့ , Yankin ရန်ကင်း
အခန်းပေါင်း 4 Master bed room   3 Living room   1 Dining room   6 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း 3 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂFull furnished ပရိဘောဂ အပြည့်အစုံ လေအေးပေးစက်10 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်ရန်ကင်းမြို့နယ် မိုးကောင်းလမ်းမပေါ်တွင်ရှိသော အဆင့်မြင့်လူနေအိမ် ဖြစ်ပါသည်။ မိုးကောင်းဘုရား၊ အောင်တော်မူဘုရား၊ မဟာဗောဓိစာသင်တိုက်၊ အထက (၂) အစိုးရအထက်တန်းကျောင်းနှင့် စည်ပင်ရုံးတို့ကိုလည်း ငါးမိနစ် လမ်းလျှောက်လျှင် ရောက်နိုင်ပါသည်။ ဆက်သွယ်ရေးရုံး၊ စာတိုက်၊ ရဲစခန်း နှင့် ရန်ကင်းပညာရေးကောလိပ်တို့ကိုလည်း ငါးမိနစ် လမ်းလျှောက်လျှင်ရောက်ပါသည်။ ရန်ကင်းဈေး နှင့် ရန်ကင်းစင်တာတို့ကိုလည်း ၅ မိနစ် ကားစီးလို့ရောက်ပါသည်။

ဓာတ်လှေကားပါသော သုံးထပ်တိုက်ဖြစ်ပါသည်။ တစ်အိမ်လုံးကို ပါကေးအပြည့်ခင်းထားပေးပါသည်။ ဧည့်ခန်းသုံးခန်းပါပါသည်။ ဧည့်ခန်းတိုင်းကို ဆိုဖာစက်တီတစ်စုံစီ ထည့်ပေးထားပါသည်။ ပြတင်းပေါက်တွေကိုလည်း လိုက်ကာများ တပ်ပေးထားပါသည်။ တီဗီတစ်လုံးစီ ထည့်ပေးထားပါသည်။ aircon စုစုပေါင်း အလုံး ၂၀ ထည့်ပေးထားပါသည်။ မာစတာ လေးခန်းပါပါသည်။ အခန်းတိုင်းကို ၂ယောက်အိပ်ကုတင်မွေ့ရာများ ထည့်ပေးထားပါသည်။ တစ်ချို့မာစတာခန်းတွေထဲတွင် တီဗီ၊ ဘက်တပ်တွေ ထည့်ပေးထားပါသည်။ အထပ်တိုင်း ၀ရံတာပါပါသည်။ အိမ်ပတ်ပတ်လည် ပြတင်းပေါက်တိုင်းကို လိုက်ကာများ တပ်ပေးထားပါသည်။ နိုင်ငံခြားသားများအကြိုက် အဆင့်မြင့်ပြင်ထားပါသည်။ နံရံကပ် ဘီဒို ၊ နံရံကပ်စင်များနှင့် ပန်းချီကားများ တပ်ပေးထားပါသည်။ အပေါ်ဆုံးထပ်ကို လသာဆောင် ပုံစံလေးလုပ်ပေးထားပါသည်။ အပေါ်ဆုံးထပ်မှာတော့ ရေတိုင်ကီ နှင့် အပန်းဖြေ ကော်ဖီသောက်ရန် နေရာလေးပါသည်။

မီးဖိုချောင်ထဲတွင် ထမင်းစားစားပွဲ ထိုင်ခုံတစ်စုံ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ နံရံကပ်စဉ်၊ မီးဖိုခုံနှင့် လက်ဆေး ဘေစဉ်လေးများထည့်ပေးထားပါသည်။ အပေါ်ဆုံးထပ်ကနေ ရှု့ခင်းများလည်း ကြည့်လို့ရပါသည်။ ခြံထဲတွင် ကား၂စီး ရပ်လို့ရပြီး မီးစက်လည်း ထည့်ပေးထားပါသည်။ လူနေ ရုံးခန်းဖွင့်ရန် အရမ်းကောင်းသော အိမ်လေးတစ်လုံးဖြစ်ပါသည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ကားများကို စီးသွားနိုင်သည်။

Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

ဖုန်း01-2303085, 01-2303086 Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.