ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ငှားရန် အိမ်ခြံမြေ



   

◆Pay rent by International Bank Transfer OK
◆Free Legal Advice & Contract Negotiation

စမ်းချောင်း Crystal Residenceတွင် ကွန်ဒိုခန်းသစ် ငှားရန်ရှိသည်။

SN: R4862  
ဈေးနှုန်း
(≧1 year rent)
37 Lakh Ks ကျပ်သိန်း / per month      (≒1608 US$, 1US$≒2300Ks)
အကျယ်အ၀န်း 900 ft2     (=83.61 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့ , Sanchaung စမ်းချောင်း
အခန်းပေါင်း 1 Master bed room   1 Bed room   1 Living room   1 Dining room   2 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း19th floor / 20 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂFull furnished ပရိဘောဂ အပြည့်အစုံ လေအေးပေးစက်3 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်ရန်ကုန်တက္ကသိုလ်၊ အင်းယားကန်၊ လှည်းတန်းလမ်းဆုံ၊ ဆေးတက္ကသိုလ်(၁)၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်း၊ MRTV ရုံး၊ နိုဗိုတယ်ဟော်တယ်၊ AGD Bank တို့နှင့်နီးသည်။

ကျန်းမာရေးလိုက်စားသူများအတွက် အင်းယားကန်နှင့် နီးသောကြောင့် လမ်းလျောက်ထွက်ခြင်း၊ စက်ဘီးစီးခြင်းများ ပြုလုပ်နိုင်သည်။

ယခုအသစ်တည်ဆောက်ထားသည့် ရုံးခန်း၊ ကြယ်ငါးပွင့် အဆင့်ရှိသည့် ဟော်တယ်၊ ကျောက်မျက်ရတနာ ဈေးဝယ်စင်တာ၊ ကားဟောင်းရောင်းဝယ်ရေးစင်တာနှင့် တခြားဆိုင်ခန်းပေါင်းများစွာ တစ်စုတဝေးထဲရှိသည့် Time City သို့ လမ်းလျောက်သွားပါက 3မိနစ်ခန့်ပဲဝေးသည်။

ဈေးဝယ်ရန်အတွက် လှည်းတန်းစင်တာ၊ စိန်ဂေဟာ၊ Junction Square နှင့် ဂမုန်းပွင့် တို့သို့ သွားနိုင်သည်။ Junction Square နှင့် တစ်ဝန်းထဲဖြစ်သည့်အတွက် တိုက်ပေါ်မှဆင်းရုံဖြင့် Junction Square သို့ရောက်သည်။ စားသောက်ဆိုင်များအနေဖြင့် နာမည်ကြီး၊ လူကြိုက်မျာသည့် ဆိုင်များဖြစ်သည့် ရွှေပလ္လင်၊ KFC၊ Fuji Japanese ၊ ရွှေကောင်းဟော့ပေါ့ အစရှိသည့် ဆိုင်များနှင့် နီးသည်။ မြို့ထဲသို့ 20မိနစ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ 30မိနစ်ခန့် မောင်းရုံဖြင့် ရောက်သည်။ သွားလာရလွယ်ကူ၍ အချက်အချာကျသည့် နေရာဖြစ်သည်။လူနေအိမ်တာဝါအဆောက်အဦးတွင် အထပ်ပေါင်း ၂၄ ထပ်ပါဝင်ပြီး တစ်လွှာတွင် ၁၀ ခန်းပါဝင်သည်။ယင်းတာဝါ၏ ပထမထပ်နှင့်ဒုတိယထပ်တွင် shopping mall ထားရှိမည်ဖြစ်ပြီး ၃ လွှာမှ ၆ လွှာထိ ကားပါကင် ပါဝင်သည်။ထိုတာဝါ၏ ၇ လွှာတွင် ရေကူးကန်၊ အားကစားခန်းမ၊ ကလေးကစားကွင်း အစရှိသည့် facilities များထားရှိမည်။

အလွှာမြင့်ဖြစ်ပြီး မြစ်ဗျူးကို မြင်ရသည်။ ဧည့်ခန်းတွင် ကြွေပြားခင်း၊ ဆိုဖာ+စားပွဲ၊ တီဗီ+ တီဗီတင်စင်၊ အဲကွန်း၊ အလင်းရောင်ကောင်းသည့် ပြတင်းပေါက်ကြီးနှင့် လိုက်ကာ၊ မျက်နှာကျက်အလှဆင်ထား၊ လေးယောက်ထိုင် ထမင်းစားပွဲနှင့် ထိုင်ခုံ၊

Master Bed-1ခန်းနှင့် ရိုးရိုးအိပ်ခန်း(၁)ခန်းပါသည်။ အိပ်ခန်းတွေကို ပါကေးခင်းထားသည်။ Master Bed ထဲတွင် နှစ်ယောက်အိပ်ကုတင်+ မွေ့ယာ၊ ခေါင်းအုံး၊ ဖက်လုံး၊ သဘာဝအလင်းရောင် ကောင်းကောင်းရသည့် ပြတင်းပေါက်နှင့် လိုက်ကာ၊ စားပွဲအသေး၊ ဗီဒို၊ အဲကွန်း ပါသည်။ အိမ်သာရေချိုးခန်း များတွင် ကြွေပြားခင်း၊ နံရံကြွေပြားအပြည့်ကပ်ထားသည်။ ဘေစင်၊ မှန်၊ shwer၊ ရေပူရေအေး၊ ဘိုထိုင်အိမ်သာတို့ပါဝင်သည်။ ရေချိုးစဉ် ရေများအပြင်သို့ မစင်စေရန် မှန်တံခါးတပ်ဆင်ပေးထားသည်။

မီဖိုထဲတွင် ကြွေပြားခင်းထားသည်။ အိုးခွက်ပန်းကန်များသိမ်းဆည်းရန် နံရံကပ်ဗီဒိုများ အပေါ်+အောက်ပါသည်။ ရေခဲသေတ္တာ၊ ညှော်စုပ်စက်၊ oven၊ မီးဖိုများ၊ ရေသန့်စက် တို့ပါသည်။ အဝတ်လျော်စက်နှင့် အဝတ်ခြောက်စက်လည်းပါသည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၁၊ ၃၅၊ ၃၇၊ ၃၉၊ ၆၅။ ၇၈ ကားများကို စီးသွားနိုင်သည်။


Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.