ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ရောင်းရန် အိမ်ခြံမြေ



   

ဒဂုံမြို့နယ်တွင် ပြင်ဆင်ပြီးသား ကွန်ဒိုခန်းကောင်းတစ်ခန်း ရောင်းရန်ရှိသည်။

SN: S3305  
ဈေးနှုန်း 1950 Lakh Ks ကျပ်သိန်း      (≒84782 US$, 1US$≒2300Ks)
အကျယ်အ၀န်း 1500 ft2     (=139.35 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့ , Dagon ဒဂုံ
အခန်းပေါင်း 1 Master bed room   2 Bed room   1 Living room   1 Dining room   2 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်6းth floor / 7 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂFurnished အခြေခံ ပရိဘောဂ လေအေးပေးစက်5 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်ရန်ကုန်မြို့၏ အထင်ကရ မြို့နယ် တစ်ခုဖြစ်သည့် ဒဂုံမြို့နယ် ၊ စမုံလမ်းထဲတွင် တည်ရှိသည့် နဝရတ်ကွန်ဒို ဖြစ်သည်။ အမျိုးသားဇာတ်ရုံ၊ အမျိုးသားရေကူးကန်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တို့နှင့်နီးသည်။ ဈေးဝယ်ရန်အတွက် ပြည်လမ်းစိန်ဂေဟာ နှင့် တော်ဝင်စင်တာသို့ 10မိနစ်ခန့် လမ်းလျောက်ရုံဖြင့် ရောက်သည်။ သံရုံးအများစုရှိသည့် ပတ်ဝန်းကျင်ဖြစ်သည့်အတွက် လုံခြုံရေးအလွန်ကောင်းမွန်သည်။ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သို့ ၄မိနစ်လမ်းလျောက်ရုံဖြင့်ရောက်သည်။ မြို့ထဲနှင့် အနီးဆုံးဖြစ်သည့်အပြင် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတွင်တည်ရှိသည်။ ပတ်ဝန်းကျင်သန့်သည်။ ကားသံလူသံ ဆူညံမှုကင်းသည့်အပြင် ကျေးငှက်များ၏ အသံသာကြားရသည်။ ဘတ်စ်ကားဂိတ်အနေဖြင့် ပဲခူးကလပ်မှတ်တိုင်နှင့်နီးသည် ။ ပြည်လမ်းဘူတာနှင့်နီးသည့်အတွက် မြို့ပတ်ရထားစီး၍ သွားလာရမည့်သူများ အတွက်လည်းအဆင်ပြေသည်။ Taxi ငှားရလွယ်ကူသည့်နေရာလည်းဖြစ်သည်။

ကားပါကင်(၁)စီးရသည်။ ဓာတ်လှေကား ၂စီးရှိသည်။ အဆင့်မြင့်ပြင်ဆင်ပြီး။ ရေပူရေအေးပါသည်။ အလွှာမြင့်ဖြစ်သည့်အတွက် ရှုခင်းကောင်းသည်။ တစ်အိမ်လုံးကျွန်းပါကေးများခင်းထားသည်။ ထမင်းစားခန်း၊ မီးဖို၊ အိမ်သာရေချိုးခန်းများကို ကြွေပြားခင်းပေးထားသည်။ ဝယ်ပြီး နေမည့်သူများအတွက် ဘာမှပြန်ပြင်စရာမလိုပါ။ အသင့်တက်နေထိုင်နိုင်သည်။ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၅၀၀ ကျယ်ပြီး မာစတာအိပ်ခန်းတစ်ခန်း၊ ရိုးရိုးအိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ထမင်းစားနေရာ၊ ရေချိုးခန်းအိမ်သာ နှစ်လုံး၊ မီးဖိုချောင်တို့ပါသည်။ အခန်းအားလုံးနှင့်ပတ်သက်သော ပရိဘောဂပစ္စများကို အခန်းတိုင်းတွင် ထည့်ပေးထားသည်။ နေမည့်သူများအဆင်ပြေစေရန် ပရိဘောဂတချို့ကို ထားခဲ့ပေးမည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ အရောင်းအ၀ယ်နှင့် ပတ်သက်သော တရားဝင်စာရွက်စာတမ်းများ စစ်ဆေးနိုင်ရန်ကူညီပေးခြင်း၊ သက်ဆိုင်ရာ အစိုးရရုံးများမှ အချက်အလက်များရရန် ကူညီပေးခြင်းများတို့ကို ဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၁၊ ၃၅၊ ၃၇၊ ၃၉၊ ၆၅၊ ၇၈ ကားများကို စီးသွားနိုင်သည်။

Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.