ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ရောင်းရန် အိမ်ခြံမြေ



   

ဗားဂရာကွန်ဒို တွင် ပြင်ဆင်ပြီး အခန်းကောင်း တစ်ခန်း ရောင်းရန်ရှိသည်။

SN: S3399  
ဈေးနှုန်း 2500 Lakh Ks ကျပ်သိန်း      (≒108695 US$, 1US$≒2300Ks)
အကျယ်အ၀န်း 1600 ft2     (=148.64 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့ , Sanchaung စမ်းချောင်း
အခန်းပေါင်း 4 Master bed room   1 Living room   1 Dining room   5 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း11th floor / 15 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂNo မရှိ လေအေးပေးစက်5 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်ရန်ကုန်မြို့၏ စည်ကားသောမြို့နယ်တစ်ခုဖြစ်သည့် စမ်းချောင်းမြို့နယ်ထဲတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာဝင်တို့ ၏ အထွဋ်အမြတ်ထားရန် ရွှေတိဂုံဘုရားသို့ မိနစ်30ခန့် လမ်းလျောက်၍သော်လည်းကောင်း 12မိနစ်ခန့် ကားစီး၍သော်လည်းကောင်း သွားလာနိုင်သည်။ အပန်းဖြေရန်အတွက် ကစားစရာပစ္စည်းအစုံအလင်ရှိသည့် ပြည်သူ့ဥယျာဉ် သို့ 10မိနစ်ခန့်လမ်းလျောက်ရုံဖြင့်ရောက်သည်။ စမ်းချောင်းမြို့နယ်သည် အစားအစာအပေါ်များဆုံးမြို့နယ် ဖြစ်သည့်အလျောက် အနီးပတ်ဝန်းကျင်တွင် The Pizza Company, KFC, J’Donuts, ကဲ့သို့ နံမည်ကြီးစားသောက်ဆိုင်များအပြင် ဆူရှီဆိုင်များ၊ ဟော့ပေါ့ဆိုင်များ လည်းရှိသည်။ မြို့ထဲသို့ 10မိနစ်ခန့် ကားစီး၍ ရောက်နိုင်သလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ 25မိနစ်ခန့် ကားမောင်းရုံဖြင့်ရောက်သည်။ ဘတ်စ်ကားစီးများသူများအတွက် မြေနီကုန်းမှတ်တိုင်တွင်ဆင်း၍ လမ်းလျောက်နိုင်သလို၊ Taxi စီးမည့်သူများအတွက် ကားငှားရလွယ်ကူသည့်နေရာဖြစ်သည်။ ဈေးဝယ်ရန် City Mark, Dagon Center I, Dagon Center II, Sprit ,ဂမုန်းပွင့်တို့နှင့်နီးသည့်အတွက် အသားငါး၊ ဟင်းသီးဟင်းရွက်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများနှင့် လိုချင်တာမှန်သမျှ လွယ်ကူစွာဝယ်ယူနိုင်သည်။ အနီးဆုံး ကုန်တိုက်မှာ Sprit ဖြစ်၍ ၅မိနစ်ခန့် လမ်းလျောက်သွားရုံဖြင့် ရောက်သည်။

1600 စတုရန်းပေရှိ၍ Master bed (4) ပါဝင်သည့် အခန်းကျယ် တစ်ခန်း ဖြစ်သည်။ အခန်းတွင်းပိုင်းကို အဆင့်မြင့်ပြင်ဆင်ထားသည်။ အလွှာမြင့်ဖြစ်၍ သဘာဝအလင်းရောင်နှင့် လေဝင်လေထွက် ကောင်းသည့်အပြင် ရွှေတိဂုံ ဘုရားကို နေ့တိုင်း ဖူးမျှော်နိုင်သည်။ တစ်အိမ်လုံးပါကေးများခင်းထားပြီး နံရံများတွင် စတေကာများဖြင့် အလှဆင်ထားသည်။ ဝယ်ယူပြီးပါက အသင့်နေထိုင်နိုင်သည့် အခန်း ဖြစ်သည်။ နိုင်ငံခြားသားများကို အငှားပြန်ချထားပါကလည်း အငှားသွက်သည့် နေရာဖြစ်သည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ အရောင်းအ၀ယ်နှင့်ပတ်သက်သော တရားဝင်စာရွက်စာတမ်းများ စစ်ဆေးနိုင်ရန်ကူညီပေးခြင်း၊ သက်ဆိုင်ရာ အစိုးရရုံးများမှ အချက်အလက်များရရန် ကူညီပေးခြင်းများတို့ကို ဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၂၁၊ ၃၅၊ ၃၇၊ ၃၉၊ ၆၅၊ ၇၇၊ ၇၈ ကားများကို စီးသွားနိုင်သည်။


Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.