ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ရောင်းရန် အိမ်ခြံမြေ



   

သင်္ဃန်းကျွန်းတွင် ပြင်ဆင်ပြီး အိပ်ခန်းနှစ်ခန်းပါသော ကွန်ဒိုခန်း ရောင်းရန်ရှိသည်။

SN: S3414  
ဈေးနှုန်း 800 Lakh Ks ကျပ်သိန်း      (≒34782 US$, 1US$≒2300Ks)
အကျယ်အ၀န်း 937 ft2     (=87.0473 m2)
အမျိုးအစားကွန်ဒို တည်နေရာရန်ကုန်မြို့ , Thin Gann Gyun သင်္ဃန်းကျွန်း
အခန်းပေါင်း 2 Master bed room   1 Bed room   1 Living room   1 Dining room   2 Wash room   1 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်3းrd floor / 8 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂNo မရှိ လေအေးပေးစက်3 unit(s)
ဓာတ်လှေကားYes ရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်သင်္ဃန်းကျွန်းမြို့နယ် ရှိTosta Garden အိမ်ရာအတွင်းမှ ဒုတိယထပ် တိုက်ခန်းဖြစ်သည်။ ဈေးဝယ်ရန် Junction Zawana နှင့် AKK Shopping Center သို့ လမ်းလျောက် သွားနိုင်သည်။ ကမ္ဘောဇ ဘဏ်နှင့်လည်းနီးသည်။ ဘတ်စ်ကားစီးမည့် သူများအတွက် junction zawana မှတ်တိုင်တွင် ဆင်း၍ 5မိနစ်ခန့် လမ်းလျောက်ရုံ ဖြင့် ရောက်သည်။ မေခအိမ်ရာ၊ မလိခအိမ်ရာ တို့သို့ 7မိနစ်ကားမောင်းရုံဖြင့် ရောက်သည်။ အောင်မင်္ဂလာအဝေးပြေးသို့ မိနစ်40ခန့်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ 35မိနစ်ခန့် အသီးသီးကားမောင်းသွားရုံဖြင့် ရောက်သည်။ အသားငါးနှင့် ဟင်းသီးဟင်းရွက်များ လတ်လတ်ဆတ်ဆတ် ဝယ်ချက်စားချင်သူများအတွက် သင်္ဃန်းကျွန်းစံပြဈေးသို့ 11မိနစ်ခန့်၊ ဘတ်စ်ကားဖြင့် ၅မှတ်တိုင်ခန့် စီးရုံဖြင့် ရောက်သည်။ အိမ်မှာ ဟင်းချက်မစားသူများအတွက် Junction Zawana ထဲမှစားသောက်ဆိုင်များ၊ AKK Shopping Center ထဲမှစားသောက်ဆိုင်များ၊ လေးထောင့်ကန်လမ်းမပေါ်ရှိ YKKO ကြေးအိုးဆိုင်၊ BBQ ဆိုင်များ နှစ်သက်ရာဆိုင်တွင် လွယ်ကူစွာစားသောက်ဆိုင်သည်။ ကလေးပါသည့် မိသားစုနေမည့်သူများအတွက် Yangon International School, ILBC Pre School စသည့် နိုင်ငံခြားကျောင်းများနှင့် လည်း နီးသည်။

937 Sqft ရှိ၍ Master Bed-1ခန်း၊ ရိုးရိုးအိပ်ခန်း(1)ခန်း ပါဝင်သည်။ တစ်အိမ်လုံး ကြွေပြားခင်းထားပြီး အဲကွန်း(၃)လုံးနှင့် ဆိုဖက်စက်တီ တစ်စုံပါဝင်သည်။ လုံခြုံရေးစိတ်ချရစေရန် ဝရံတာတွင် သံပန်းတပ်ဆင်ထားသည်။ မီးဖိုချောင်တွင် Sliding door နှင့် အနံ့စုပ်စက်များ တပ်ဆင်ထားပြီး ဘေစင် ကြွေပြားကပ်ထားသည်။ တစ်ခန်းလုံး ရှိ မီးကြိုးများ အသစ်ပြန်လဲထားပြီး LED မီးလုံးများ တပ်ဆင်ပေးထားသည်။ အိမ်အဝင် တံခါးမကြီးကို သံပန်း တပ်ဆင်ထားပြီး ကိုယ်ပိုင် မီတာနှင့် ရေမော်တာ ပါရှိသည်။ ဓာတ်လှေကား (၂)စီး ပါရှိပြီး မီးပျက်ပါက ဓာတ်လှေကားများအတွက် မီးစက်ရှိသည်။ ကားပါကင် တစ်နေရာရရှိပါမည်။ ဈေး၊ ကျောင်း၊ မှတ်တိုင်နီးသောကြောင့် သွားလာရေးလွယ်ကူသည့်နေရာဖြစ်သည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ အရောင်းအ၀ယ်နှင့်ပတ်သက်သော တရားဝင်စာရွက်စာတမ်းများ စစ်ဆေးနိုင်ရန်ကူညီပေးခြင်း၊ သက်ဆိုင်ရာ အစိုးရရုံးများမှ အချက်အလက်များရရန် ကူညီပေးခြင်းများတို့ကို ဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ကားများကို စီးသွားနိုင်သည်။

Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.