ရန်ကုန်မြို့ မန္တလေးမြို့ နေပြည်တော်မြို့ မော်လမြိုင်မြို့ ပဲခူးမြို့
ပုသိမ်မြို့ မုံရွာမြို့ မိတ္ထီလာမြို့  စစ်တွေမြို့ မကွေးမြို့
တောင်ကြီးမြို့ အခြားဒေသများ...

ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.


ရန်ကုန်မြို့ 
ရောင်းရန် အိမ်ခြံမြေ



   

၇ မိုင်တွင် နှစ်ထပ်လုံးချင်းအိမ်တစ်လုံး ရောင်းရန်ရှိသည်။

SN: S3498  
ဈေးနှုန်း 17500 Lakh Ks ကျပ်သိန်း      (≒760869 US$, 1US$≒2300Ks)
အကျယ်အ၀န်း floor space: 5000 ft2     (=464.5 m2)
land space: 7150 ft2     (=664.235 m2)
အမျိုးအစားလုံးချင်း တည်နေရာရန်ကုန်မြို့ , Mayangone မရမ်းကုန်း
အခန်းပေါင်း 4 Master bed room   1 Bed room   2 Living room   1 Dining room   6 Wash room   2 Kitchen   

တည်ဆောက်ပုံReinforced concrete ကွန်ကရစ် အလွှာ / အထပ်ပေါင်း 2 building stories
တည်ဆောက်သည့်နှစ်Unknown မသိ အပြင်အဆင်Good ကောင်း
ပရိဘောဂNo မရှိ လေအေးပေးစက်7 unit(s)
ဓာတ်လှေကားNo မရှိ ဖုန်းNo မရှိ
ကားရပ်နားရန်Yes ရှိ ၀င်ရောက်နိုင်သည့်ရက်စွဲImmediately ချက်ချင်း
ရှင်းလင်းချက်၇မိုငျတှငျ တည်ရှိပြီး ပြည်လမ်းမကြီးနှင့်နီးသည့်အတွက် သွားလာရေးအဆင်ပြေသည်။ ပတ်ဝန်းကျင်တွင်လည်း အိမ်ကြီးအိမ်ကောင်းများစွာရှိ၍ သန့်ရှင်းသပ်ရပ်သည့် ရပ်ကွက်ဖြစ်သည်။ အဝင်လမ်းမတွင် လုံခြုံရေးတဲနှင့် အစောင့်များ ရှိသည်။ ၈မိုင် တွင်ရှိသော Junction 8 နှင့် ၆မိုင်ခွဲတွင်ရှိသော Market Place သို့ ကားဖြင့်သွားပါက ၅မိနစ်အတွင်း ရောက်နိုင်သည်။

ဧည့်ခန်း၊ အိပ်ခန်းများနှင့် တစ်အိမ်လုံးကို ကျွန်းပါကေးများခင်းထားသည်။ အခန်းတိုင်း ပြတင်းပေါက်များ စွာပါရှိသည့်အတွက် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်သည်။ တစ်အိမ်လုံးတွင် နံရံကပ်ဗီဒိုများစွာ နှင့် အဲကွန်း ၇လုံး ပါရှိသည်။ အောက်ထပ်တွင် ဧည့်ခန်း၊ Master Bed တစ်ခန်း၊ စာဖတ်ခန်း(သို့) အလုပ်ခန်း(သို့) ရိုးရိုးအိပ်ခန်းတစ်ခန်း၊ ဧည့်သည်လာရင် အသုံးပြုရန် အိမ်သာတစ်လုံး၊ မီးဖိုချောင်(၂)ခု၊ ထမင်းစားခန်း၊ အိမ်အကူများနေရန် အခန်းတစ်ခန်း ရှိပါသည်။ လှေကားကိုလည်း ကျွန်းသစ်များဖြင့်ပြုလုပ်ထားပြီး ကျယ်ဝန်းပါသည်။ အပေါ်ထပ်တွင် ကျယ်ဝန်းသည့် ဘုရားခန်း တစ်ခန်းပါရှိသည့်အပြင် ဧည့်ခန်းကျယ်ကြီးတစ်ခု လည်းရှိသည်။ အပေါ်ထပ်တွင် Master bed ၃ခန်းပါရှိသည်။ ဘက်တပ်တစ်ခုလည်း ပါဝင်သည်။ ဝရံတာ တစ်ခုလည်းရှိသည်။ ကားပါကင် နှစ်ထပ်ပါသည့်အတွက် အောက်ထပ်တွင် ကားရပ်နိုင်ပြီး အပေါ်ထပ်တွင် driver နေထိုင်နိုင်သည်။ ကားပါကင်အနောက်ဘက်တွင် စတိုခန်း တစ်ခန်းပါဝင်သည်။ ခြံကျယ်သည့်အတွက် ခြံထဲတွင်လည်း ကား ၅စီး၊ ၆စီး ရပ်နိုင်သည်။ အပင်စိုက်ဝါသနာပါသူများအတွက်လည်း အဆင်ပြေသည်။ ခြံထဲတွင် ငါးကန်အသေးလေးတစ်ခုပါရှိသည်။ ဘိုးဘွားပိုင်အမည်ပေါက်ဖြစ်သည့်အတွက် ပိုင်ဆိုင်မှုခိုင်မာသည်။

အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတားအိမ်ခြံမြေ အကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။

လမ်းပန်းဆက်သွယ်ရေးYBS ၃၅၊ ၃၇ ကားများကို စီးသွားနိုင်သည်။

Location of the property







Agent / Owner information

ကိုယ်စားလှယ်

Sky Bridge Co., Ltd.

Phone01-2303085, 01-2303086, 09687700300
Emailrealestate@myanmarsb.com
လိပ်စာNo.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon
Myanmar rent a car

Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။

Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။

If you see any entry which is strange or look like fake, please call us via 01-2303085.